MCE (RainBow) ဆပ္ျပာစက္႐ုံေရွ႕မွာ ၁၆ ရက္ၾကာ ဆႏၵျပေန

0
42

MCE (RainBow) ဆပ္ျပာစက္႐ုံေရွ႕မွာ ၁၆ ရက္ၾကာ ဆႏၵျပေနၾကတဲ႔ အလုပ္သမား ၉၀ ေလာက္ဟာ အလုပ္သမားအခြင္႔အေရးေတြ ရရွိဖုိ႔အတြက္ စီတန္းလွည့္လည္ ဆႏၵ ေဖာ္ထုတ္ခဲ႔ပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ သႏၱာမုိးက ေပးပုိ႔ထားပါတယ္။

ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း) ၿမိဳ႕နယ္၊ စက္မႈဇုံ (၁)၊အမွတ္ (၁၂၉)မွာရွိတဲ႔ MCE (RainBow) ဆပ္ျပာစက္႐ုံ ေရွ႕မွာ ၁၆ ရက္ၾကာ ဆႏၵျပေနၾကတဲ႔ အလုပ္သမားေတြဟာ ေတာင္းဆုိထားတဲ႔ အခ်က္ ၁၃ ခ်က္နဲ႔ ပတ္သတ္ၿပီး စက္႐ံုေရွ႕ အလုပ္သမား သပိတ္ စခန္း ကေန စတင္ၿပီး ကေနာင္ေကြ႔ လမ္းဆုံ အထိ စက္တင္ဘာလ ၆ ရက္ေန႔ က  လွည့္လည္ဆႏၵ ေဖာ္ထုတ္ခဲ႔တာပါ။ 

Soundbite    မအိဇင္ၿဖဳိး (ဥကၠ႒)

                MCE ဆပ္ျပာစက္ရုံ အလုပ္သမားသမဂၢ

အလုပ္သမားေတြ ေတာင္းဆုိတဲ႔အခ်က္ ၁၃ ခ်က္ထဲက အခ်က္ ၁၁ခ်က္ဟာ အလုပ္သမားဥပေဒအရ မျဖစ္မေနေပးရမယ္႔ အခ်က္ေတြျဖစ္လုိ႔လည္း ေျပာပါတယ္။ 

ဒါအျပင္ စက္ရုံေရွ႕ဆႏၵျပေနစဥ္တေလ်ာက္လုံး စက္ရုံဘက္က ေႏွာက္ယွက္မႈေတြျပဳလုပ္ေနတာဟာ ေတာင္းဆုိခ်က္ေတြကုိ ေျပလည္ေအာင္လုပ္ေပးခ်င္တဲ႔ ဆႏၵ မရွိၾကလုိျဖစ္မယ္လုိ MCE ဆပ္ျပာစက္ရုံ အလုပ္သမားသမဂၢ ဥကၠ႒ကေျပာပါတယ္။

Soundbite    မအိဇင္ၿဖဳိး (ဥကၠ႒)

                MCE ဆပ္ျပာစက္ရုံ အလုပ္သမားသမဂၢ

MCE ဆပ္ျပာစက္ရုံက မန္ေနဂ်ာကုိ အလုပ္ထုတ္ခုိင္းတာနဲ႔ပတ္သက္ၿပီး အလုပ္သမားေတြရဲ႕ နစ္နာမႈ အခ်က္ေတြကုိ စုစည္း ေတာင္းဆုိခ်က္ ၁၃ ခ်က္ကို ရရွိဖုိ႔ ၾသဂုတ္လ ၂၂ရက္ေန႔ကစတင္ ဆႏၵျပခဲ့ၾကတာပါ။ ၾသဂုတ္လ ၂၂ ရက္ေန႔မွာပဲ စက္ရုံကတာ၀န္ရွိသူေတြနဲ႔ အလုပ္သမားေတြညွိႏႈိင္းရာမွာ အခ်က္၁၂ခ်က္ ေျပလည္မႈ ရရွိခဲ႔ၿပီး ၾသဂုတ္လ၂၃ရက္ေန႔မွာ တစ္ႀကိမ္၊ ၾသဂုတ္လ၂၇ရက္ေန႔မွာ တစ္ႀကိမ္ထပ္မံညွိႏႈိင္းခဲ႔ရာ ေျပလည္ၿပီးသား အခ်က္ေတြကုိပါ စက္ရုံဘက္က ျပန္လည္ရုပ္သိမ္းခဲ႔တာေၾကာင္႔ ဆက္လက္ဆႏၵျပခဲ႔ၾကတာျဖစ္တယ္လုိ အလုပ္သမားေတြကေျပာပါတယ္။

MCE (RainBow) ဆပ်ပြာစက်ရုံရှေ့မှာ ၁၆ ရက်ကြာ ဆန္ဒပြနေ


MCE (RainBow) ဆပ်ပြာစက်ရုံရှေ့မှာ ၁၆ ရက်ကြာ ဆန္ဒပြနေကြတဲ့ အလုပ်သမား ၉၀ လောက်ဟာ အလုပ်သမားအခွင့်အရေးတွေ ရရှိဖို့အတွက် စီတန်းလှည့်လည် ဆန္ဒ ဖော်ထုတ်ခဲ့ပါတယ်။ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးက ပေးပို့ထားပါတယ်။


ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ စက်မှုဇုံ (၁)၊အမှတ် (၁၂၉)မှာရှိတဲ့ MCE (RainBow) ဆပ်ပြာစက်ရုံ ရှေ့မှာ ၁၆ ရက်ကြာ ဆန္ဒပြနေကြတဲ့ အလုပ်သမားတွေဟာ တောင်းဆိုထားတဲ့ အချက် ၁၃ ချက်နဲ့ ပတ်သတ်ပြီး စက်ရုံရှေ့ အလုပ်သမား သပိတ် စခန်း ကနေ စတင်ပြီး ကနောင်ကွေ့ လမ်းဆုံ အထိ စက်တင်ဘာလ ၆ ရက်နေ့ က လှည့်လည်ဆန္ဒ ဖော်ထုတ်ခဲ့တာပါ။


Soundbite မအိဇင်ဖြိုး (ဥက္ကဋ္ဌ)
MCE ဆပ်ပြာစက်ရုံ အလုပ်သမားသမဂ္ဂ


အလုပ်သမားတွေ တောင်းဆိုတဲ့အချက် ၁၃ ချက်ထဲက အချက် ၁၁ချက်ဟာ အလုပ်သမားဥပဒေအရ မဖြစ်မနေပေးရမယ့် အချက်တွေဖြစ်လို့လည်း ပြောပါတယ်။
ဒါအပြင် စက်ရုံရှေ့ဆန္ဒပြနေစဉ်တလျောက်လုံး စက်ရုံဘက်က နှောက်ယှက်မှုတွေပြုလုပ်နေတာဟာ တောင်းဆိုချက်တွေကို ပြေလည်အောင်လုပ်ပေးချင်တဲ့ ဆန္ဒ မရှိကြလိုဖြစ်မယ်လို MCE ဆပ်ပြာစက်ရုံ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌကပြောပါတယ်။


Soundbite မအိဇင်ဖြိုး (ဥက္ကဋ္ဌ)
MCE ဆပ်ပြာစက်ရုံ အလုပ်သမားသမဂ္ဂ


MCE ဆပ်ပြာစက်ရုံက မန်နေဂျာကို အလုပ်ထုတ်ခိုင်းတာနဲ့ပတ်သက်ပြီး အလုပ်သမားတွေရဲ့ နစ်နာမှု အချက်တွေကို စုစည်း တောင်းဆိုချက် ၁၃ ချက်ကို ရရှိဖို့ သြဂုတ်လ ၂၂ရက်နေ့ကစတင် ဆန္ဒပြခဲ့ကြတာပါ။ သြဂုတ်လ ၂၂ ရက်နေ့မှာပဲ စက်ရုံကတာဝန်ရှိသူတွေနဲ့ အလုပ်သမားတွေညှိနှိုင်းရာမှာ အချက်၁၂ချက် ပြေလည်မှု ရရှိခဲ့ပြီး သြဂုတ်လ၂၃ရက်နေ့မှာ တစ်ကြိမ်၊ သြဂုတ်လ၂၇ရက်နေ့မှာ တစ်ကြိမ်ထပ်မံညှိနှိုင်းခဲ့ရာ ပြေလည်ပြီးသား အချက်တွေကိုပါ စက်ရုံဘက်က ပြန်လည်ရုပ်သိမ်းခဲ့တာကြောင့် ဆက်လက်ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို အလုပ်သမားတွေကပြောပါတယ်။