MCE ရိမ္ဘိုးဆပ္ျပာစက္႐ုံ အလုပ္သမားေတြ အလုပ္သမားအခြင့္အေရးအျပည့္အ၀ရရွိေရး ဆႏၵျပ

0
26

MCE ရိမ္ဘိုးဆပ္ျပာစက္႐ုံက အလုပ္သမား၂၀၀ခန္႔ဟာ အလုပ္သမားအခြင့္အေရးရ႐ွိဖုိ႔အတြက္ စက္တင္ဘာလ၁၂ရက္ေန႔  မနက္ပုိင္းက ရန္ကုန္ၿမိဳ႕ ဗုိလ္္ေအာင္ေက်ာ္လမ္းနဲ႔ မဟာဗႏၶဳလလမ္​း​ေနစတင္ကာ ဆူ​းေလထိလမ္​း​ေလွွ်ာက္​ဆနၵ​ေဖာ္​ထုတ္​ခဲ့ၾကတာ ျဖစ္ပါတယ္ ။

အလုပ္သမားေတြေတာင္းဆုိထားတဲ့ အခ်က္၁၃ခ်က္မရမခ်င္း ဆက္လက္ဆႏၵျပသြားဖုိ႔ ႐ွိတယ္လုိ႔ MCE အလုပ္သမား သမဂၢဥကၠ႒ မအိဇင္ၿဖိဳးက ေျပာပါတယ္ ။

အလုပ္သမားေတြအေနနဲ႔သပိတ္စခန္းကုိ႐ုပ္သိမ္းေပးပါကေတာင္းဆုိထားတဲ့အခ်က္ေတြကုိလိုက္ေလ်ာညႇိႏႈိင္းေပးသြားမွာ ျဖစ္တယ္လို႔လည္း  MCE အလုပ္႐ွင္ ကုိယ္စားလွယ္ဦးထြဋ္ျမတ္႐ွိန္က အလုပ္သမားေတြ ဆႏၵျပတဲ့ ေနရာမွာပဲမီဒီယာေတြကုိေျပာဆုိခဲ့ပါတယ္။

စက္တင္ဘာလ ၁၃ ရက္ေန႔ မွာလည္း ခုံသမာဓိေကာင္စီမွာ အလုပ္ရွင္၊ အလုပ္သမား ညိွႏႈိင္းေဆြးေႏြးမႈေတြ ျပဳလုပ္သြားဖုိ႔ ရွိေနတယ္လုိ အလုပ္ရွင္ဘက္ေျပာေပမယ္႔ အလုပ္သမားေတြ အေနနဲ႔ကေတာ႕ခုံသမာဓိကုိ တက္ေရာက္ဖုိ႔မရွိဘူးလုိလည္းေျပာပါတယ္။

MCE ရိမ်ဘိုးဆပ်ပြာစက်ရုံ အလုပ်သမားတွေ အလုပ်သမားအခွင့်အရေးအပြည့်အဝရရှိရေး ဆန္ဒပြ

MCE ရိမ်ဘိုးဆပ်ပြာစက်ရုံက အလုပ်သမား၂၀ဝခန့်ဟာ အလုပ်သမားအခွင့်အရေးရရှိဖို့အတွက် စက်တင်ဘာလ၁၂ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်​း​နေစတင်ကာ ဆူ​းလေထိလမ်​း​လျှောက်​ဆန္ဒ​ဖော်​ထုတ်​ခဲ့ကြတာ ဖြစ်ပါတယ်။

အလုပ်သမားတွေတောင်းဆိုထားတဲ့ အချက်၁၃ချက်မရမချင်း ဆက်လက်ဆန္ဒပြသွားဖို့ ရှိတယ်လို့ MCE အလုပ်သမား သမဂ္ဂဥက္ကဋ္ဌ မအိဇင်ဖြိုးက ပြောပါတယ်။

အလုပ်သမားတွေအနေနဲ့သပိတ်စခန်းကိုရုပ်သိမ်းပေးပါကတောင်းဆိုထားတဲ့အချက်တွေကိုလိုက်လျောညှိနှိုင်းပေးသွားမှာ ဖြစ်တယ်လို့လည်း MCE အလုပ်ရှင် ကိုယ်စားလှယ်ဦးထွဋ်မြတ်ရှိန်က အလုပ်သမားတွေ ဆန္ဒပြတဲ့ နေရာမှာပဲမီဒီယာတွေကိုပြောဆိုခဲ့ပါတယ်။

စက်တင်ဘာလ ၁၃ ရက်နေ့ မှာလည်း ခုံသမာဓိကောင်စီမှာ အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ ရှိနေတယ်လို အလုပ်ရှင်ဘက်ပြောပေမယ့် အလုပ်သမားတွေ အနေနဲ့ကတော့ခုံသမာဓိကို တက်ရောက်ဖို့မရှိဘူးလိုလည်းပြောပါတယ်။