
0
50




Malaysia-Myanmar Connect 2019 ပွဲမှာ မလေးရှား ဒေသထွက်ကုန်တွေကို မိတ်ဆက်


မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပတဲ့ Malaysia-Myanmar Connect 2019 ပွဲမှာ မလေးရှား ကုမ္ပဏီ ၂၂ ခု ပါဝင်ပြီး မလေးရှား ဒေသထွက်ကုန်တွေကို မိတ်ဆက်မယ်လို့ ဘာနားမား သတင်းမှာ ဖော်ပြထားပါတယ်။


ဒီနေ့ သြဂုတ်လ ၂၈ ရက်ကနေ ၃၁ ရက်အထိ ကျင်းပမယ့် အဲဒီပွဲကို စွန့်ဦးတီထွင်လုပ်ငန်းရှင် မိတ်ဆက်ပွဲ အစီအစဉ်အဖြစ် အမျိုးသားစွန့်ဦးတီထွင် လုပ်ငန်းရှင်များအဖွဲ့ စီးပွားရေး ရန်ပုံငွေနဲ့ SME ဘဏ်တို့က မလေးရှား ဒေသထွက်ကုန်တွေ ပြည်ပမှာ ဈေးကွက်ဝင်ရေး ဦးဆောင်ကျင်းပပေးတာ ဖြစ်ပါတယ်။


ဒါ့အပြင် မလေးရှား စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ဖွံ့ဖြိုး ဝန်ကြီးဌာနဟာ ရန်ကုန်မြို့မှာ ဈေးကွက်သုတေသနနဲ့ ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်း ရှာဖွေမှုကိုလည်း လုပ်ဆောင်မှာ ဖြစ်သလို မန္တလေး စီးပွားရေးလုပ်ငန်းရှင်များအသင်း၊ မြန်မာ မွတ်စလင် စီးပွားရေး စွန့်ဦးတီထွင်သူများအသင်းတို့နဲ့လည်း ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။