LA လက္ေထာက္ ေရွ႕ေန မိသားစုဝင္ေတြကိုသတ္၊ သူ႔ကိုယ္သူ အဆံုးစီရင္

0
45

အေမရိကန္ႏိုင္ငံ၊ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ (LA) လက္ေထာက္ေရွ႕ေနဟာ စက္တင္ဘာလ ၁၁ ရက္ေန႔က သူ႔ဇနီးနဲ႔ သားကို ေသနတ္နဲ႔ ပစ္သတ္ၿပီး သူ႔ကိုယ္သူလည္း အဆံုးစီရင္သြားပါတယ္။

ၿမိဳ႕ျပ လက္ေထာက္ေရွ႕ေန အဲရစ္ လာ့ဇ္မန္း (၆၀ ႏွစ္) ဟာ သူ႔သမီးကိုလည္း သတ္ဖို႔ ႀကိဳးစားခဲ့ေသးေပမယ့္ သူ႔သမီးက ေရခ်ိဳးခန္း တံခါးေပါက္ကေန ထြက္ေျပးလြတ္ေျမာက္သြားတယ္လို႔ LA တာဝန္ရွိသူေတြက ေျပာပါတယ္။ သမီးျဖစ္သူဟာ အိမ္ထဲက ေျပးထြက္လာၿပီး သူ႔အေဖက သူ႔ကို ေသနတ္နဲ႔ ပစ္ဖို႔လုပ္ေနတယ္လို႔ ေအာ္ဟစ္ေနေၾကာင္း အိမ္နီးခ်င္းေတြက ေျပာပါတယ္။

ဘာျဖစ္ခဲ့တယ္ဆိုတာကို အေျဖရွာရမယ္လို႔ LA ၿမိဳ႕ျပ ေရွ႕ေန မိုက္ ဖိုရာက ေျပာပါတယ္။ စံုေထာက္ေတြကေတာ့ လာ့ဇ္မန္းရဲ႕ တစ္ထပ္အိမ္အတြင္းမွာ မိသားစုခ်င္း အျငင္းပြားမႈမ်ိဳး ျဖစ္ခဲ့ပံုရတယ္လို႔ သံသယရွိေနပါတယ္။ လာ့ဇ္မန္းဟာ ၿမိဳ႕ျပေရွ႕ေနအျဖစ္ ၂၀၀၅ ခုႏွစ္ကတည္းက အလုပ္လုပ္လာသူျဖစ္ၿပီး စိတ္ပိုင္းဆိုင္ရာ ျပႆနာ ရွိ၊ မရွိကိုေတာ့ မသိေသးပါဘူး။

LA လက်ထောက် ရှေ့နေ မိသားစုဝင်တွေကိုသတ်၊ သူ့ကိုယ်သူ အဆုံးစီရင်

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့ (LA) လက်ထောက်ရှေ့နေဟာ စက်တင်ဘာလ ၁၁ ရက်နေ့က သူ့ဇနီးနဲ့ သားကို သေနတ်နဲ့ ပစ်သတ်ပြီး သူ့ကိုယ်သူလည်း အဆုံးစီရင်သွားပါတယ်။

မြို့ပြ လက်ထောက်ရှေ့နေ အဲရစ် လာ့ဇ်မန်း (၆၀ နှစ်) ဟာ သူ့သမီးကိုလည်း သတ်ဖို့ ကြိုးစားခဲ့သေးပေမယ့် သူ့သမီးက ရေချိုးခန်း တံခါးပေါက်ကနေ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ LA တာဝန်ရှိသူတွေက ပြောပါတယ်။ သမီးဖြစ်သူဟာ အိမ်ထဲက ပြေးထွက်လာပြီး သူ့အဖေက သူ့ကို သေနတ်နဲ့ ပစ်ဖို့လုပ်နေတယ်လို့ အော်ဟစ်နေကြောင်း အိမ်နီးချင်းတွေက ပြောပါတယ်။

ဘာဖြစ်ခဲ့တယ်ဆိုတာကို အဖြေရှာရမယ်လို့ LA မြို့ပြ ရှေ့နေ မိုက် ဖိုရာက ပြောပါတယ်။ စုံထောက်တွေကတော့ လာ့ဇ်မန်းရဲ့ တစ်ထပ်အိမ်အတွင်းမှာ မိသားစုချင်း အငြင်းပွားမှုမျိုး ဖြစ်ခဲ့ပုံရတယ်လို့ သံသယရှိနေပါတယ်။ လာ့ဇ်မန်းဟာ မြို့ပြရှေ့နေအဖြစ် ၂၀ဝ၅ ခုနှစ်ကတည်းက အလုပ်လုပ်လာသူဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိ၊ မရှိကိုတော့ မသိသေးပါဘူး။