KIA အဖြဲ႔ က ေထာင္ထားတဲ့ နင္းမုိင္းေတြ မိေပါက္ကြဲခဲ့တာေၾကာင့္ ေဒသခံ ႏွစ္ဦး ဒဏ္ရာရ

0
46

ကခ်င္ျပည္နယ္၊ ကာမိုင္းၿမိဳ႕၊ ဆိုင္ဖရာေက်းရြာေန ဦးဆိုင္းေနာ္ ၾသဂုတ္ ၃ဝ ရက္ ေန႔က   ကပ္ေမွာ္ဇြပ္ေက်းရြာ အုပ္စုအတြင္းရွိ ေက်ာက္နီေမွာ္ကို အလုပ္လုပ္ကိုင္ဖို႔ သြားေရာက္စဥ္ ဆုိင္ဖရာေက်းရြာရဲ႕ ေျမာက္ဘက္ ၄ မိုင္ခန္႔အကြာကုိ အေရာက္မွာ KIA အဖြဲ႕က  ေထာင္ထားတဲ့ နင္းမိုင္းတစ္လံုးကုိ နင္းမိေပါက္ကြဲခဲ့တာေၾကာင့္ မုိင္းစထိမွန္ ဒဏ္ရာရရွိခဲ့ေၾကာင္း တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ရုံးက သတင္းထုတ္ျပန္ထားပါတယ္။

ဒါအ့ျပင္ ကာမိုင္းၿမိဳ႕၊ ေကာင္ရာရပ္ကြက္ေန ေမာင္ဇုန္းခ်န္းဟာ  လြယ္ဆိုင္းေက်းရြာအနီးရွိ ေတာင္ယာတဲမွာ စက္တင္ဘာ ၂ ရက္ ေန႔က    ထင္းေခြဖုိ႔ သြားေရာက္ရာ ေက်းရြာရဲ႕ အေနာက္ေျမာက္ဘက္ ၃ မိုင္ခန္႔အကြာ အေရာက္မွာ KIAအဖြဲ႔က ေထာင္ထားတဲ့  နင္းမိုင္းတစ္လံုးကုိ နင္းမိေပါက္ကြဲခဲ့တာေၾကာင့္ မိုင္းစထိမွန္ဒဏ္ရာ ရရွိခဲ့တာ ျဖစ္ပါတယ္ ။

အဲဒီ  မိုင္းထိလူနာႏွစ္ဦးကုိ  ျမစ္ႀကီးနားၿမိဳ႕ရွိ ျပည္သူ႔ ေဆးရုံမွာ  ေဆးကုသမႈ ခံယူေနတာ ျဖစ္ေၾကာင္း သတင္း ထုတ္ျပန္ထားပါတယ္ ။

KIA အဖွဲ့ က ထောင်ထားတဲ့ နင်းမိုင်းတွေ မိပေါက်ကွဲခဲ့တာကြောင့် ဒေသခံ နှစ်ဦး ဒဏ်ရာရ


ကချင်ပြည်နယ်၊ ကာမိုင်းမြို့၊ ဆိုင်ဖရာကျေးရွာနေ ဦးဆိုင်းနော် သြဂုတ် ၃ဝ ရက် နေ့က ကပ်မှော်ဇွပ်ကျေးရွာ အုပ်စုအတွင်းရှိ ကျောက်နီမှော်ကို အလုပ်လုပ်ကိုင်ဖို့ သွားရောက်စဉ် ဆိုင်ဖရာကျေးရွာရဲ့ မြောက်ဘက် ၄ မိုင်ခန့်အကွာကို အရောက်မှာ KIA အဖွဲ့က ထောင်ထားတဲ့ နင်းမိုင်းတစ်လုံးကို နင်းမိပေါက်ကွဲခဲ့တာကြောင့် မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။


ဒါအ့ပြင် ကာမိုင်းမြို့၊ ကောင်ရာရပ်ကွက်နေ မောင်ဇုန်းချန်းဟာ လွယ်ဆိုင်းကျေးရွာအနီးရှိ တောင်ယာတဲမှာ စက်တင်ဘာ ၂ ရက် နေ့က ထင်းခွေဖို့ သွားရောက်ရာ ကျေးရွာရဲ့ အနောက်မြောက်ဘက် ၃ မိုင်ခန့်အကွာ အရောက်မှာ KIAအဖွဲ့က ထောင်ထားတဲ့ နင်းမိုင်းတစ်လုံးကို နင်းမိပေါက်ကွဲခဲ့တာကြောင့် မိုင်းစထိမှန်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ် ။


အဲဒီ မိုင်းထိလူနာနှစ်ဦးကို မြစ်ကြီးနားမြို့ရှိ ပြည်သူ့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေတာ ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားပါတယ် ။