
0
482





                   Job Net.com.mm




                   Job Net.com.mm


Job Net က အလုပ်သမား သုံးသိန်းကို အလုပ်အကိုင် ရှာဖွေပေး
၂၀၁၈ ခုနှစ်အတွင်း အလုပ်သမား သုံးသိန်းကို အလုပ်အကိုင်ရှာဖွေ ပေးခဲ့တယ်လို့ Job Net .com.mm က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်သန္တာမိုးကပေးပို့ထားပါတယ်။

Job Net .com.mm Online အလုပ်ရှာဖွေရေး ကုမ္ပဏီက ကုမ္ပဏီ ၉၀ဝ ကျော်နဲ့ ချိတ်ဆက်ထားပြီး ၂၀၁၈ခုနှစ်အတွင်း အလုပ်သမား သုံးသိန်းကို အလုပ်အကိုင်ရှာဖွေ ပေးခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့ရဲ့ အလုပ်ရှင်၊ အလုပ်သမား လိုအပ်ချက်တွေမှာ ကွာဟချက်တွေရှိနေပြီး အလုပ်ရှင်တွေဘက်က Professtional အဆင့်ရှိတဲ့ အလုပ်သမားတွေကိုသာ လိုအပ်နေတာကြောင့် ကျွမ်းကျင်တဲ့ အလုပ်သမားတွေ နည်းနေသေးတယ်လို Job Net .com.mm က ပြောပါတယ်။

Soundbite ဒေါ်ဇင်မာ (VP of Sales)
Job Net.com.mm


Job Net .com.mm ဟာ ကုမ္ပဏီလုပ်ငန်းအဆင့် အလုပ်သမားတွေကို ရှာဖွေပေးနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် နှစ်စဉ် အလုပ်လျှောက်ထားမှုဟာ အလုပ်သမား ၄ သိန်း ကျော်ရှိနေပြီး လစဉ် နှစ်သောင်းကျော် ထပ်တိုးနေတယ်လို့လည်း ပြောပါတယ်။

Soundbite ဒေါ်ဇင်မာ (VP of Sales)
Job Net.com.mm


Job Net .com.mm Online အလုပ်ရှာဖွေရေး ကုမ္ပဏီကို၂၀၁၅ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ရန်ကုန် မန္တလေး နေပြည်တော်နဲ့ တခြားမြို့တွေ အပါအဝင် နိုင်ငံပေါင်း ၅၀ကျော်နဲ့ ချိန်ဆက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်ရှင်။