IS အၾကမ္းဖက္အဖြဲ႔  ဆီကေန ရက္ကာၿမိဳ႕ကို ျပန္သိမ္းပိုက္ႏုိင္ခဲ့

0
273

အေမရိကန္ ေက်ာေထာက္ေနာက္ခံ ျပဳေပးထားတဲ့ ဆီးရီယား လက္နက္ကိုင္တပ္ဖြဲ႔ (SDF) ဟာ IS   အစြန္းေရာက္ အၾကမ္းဖက္အဖြဲ႔ လက္ကေန ရာကာၿမိဳ႕ကို ေအာက္တုိဘာ  ၁၈ ရက္ေန႔မွာ ျပန္သိမ္းပိုက္ႏုိင္ခဲ့တယ္လို႔ ေၾကညာခဲ့ပါတယ္။  

အဲဒီၿမိဳ႕ကို ျပန္သိမ္းပုိက္ႏုိင္ဖုိ႔  အစြန္းေရာက္ စစ္ေသြးၾကြေတြနဲ႔ ၄ လၾကာ တုိက္ခုိက္မႈေတြ လုပ္ခဲ့ၿပီးေနာက္ သိမ္းပိုက္ႏုိင္ခဲ့တာ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ ကာ့ဒ္ လက္နက္ကိုင္အဖြဲ႔ေတြနဲ႔ အာရပ္ လက္နက္ကိုင္အဖြဲ႔ေတြဟာ ၿမိဳ႕အတြင္းမွာ မိုင္းရွင္းလင္းေရးေတြ လုပ္ေဆာင္ေနပါတယ္။  

အဲဒီၿမိဳ႕မွာ IS အစြန္းေရာက္အဖြဲ႔ေတြ အခုိင္အမာ တပ္စြဲထားတဲ့ၿမိဳ႕ျဖစ္ၿပီး ၿမိဳ႕အတြင္းမွာ အစြန္းေရာက္အဖြဲ႔ အနည္းငယ္သာ က်န္ေတာ့တယ္လုိ႔ SDF အဖြဲ႔ စစ္ေရးတာဝန္ခံက ေျပာပါတယ္။  IS အဖြဲ႔ဟာ ဆီးရီယားရွိ ရက္ကာၿမိဳ႕ကို ၂၀၁၄ ခုႏွစ္က သိမ္းပိုက္ခဲ့တာ ျဖစ္ပါတယ္။

ဆီးရီယားႏုိင္ငံထဲမွာ IS အဖြဲ႔ သိမ္းပိုက္ထားတဲ့ ၿမိဳ႕ေတြဟာ ျပန္သိမ္းပိုက္မႈေတြ ခံေနရတာေၾကာင့္ စစ္ေသြးၾကြေတြရဲ႕ အနာဂတ္  မေရရာေတာ့ဘူးလို႔ သံုးသပ္မႈေတြ ရွိေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

IS အကြမ်းဖက်အဖွဲ့ ဆီကနေ ရက်ကာမြို့ကို ပြန်သိမ်းပိုက်နိုင်ခဲ့

အမေရိကန် ကျောထောက်နောက်ခံ ပြုပေးထားတဲ့ ဆီးရီယား လက်နက်ကိုင်တပ်ဖွဲ့ (SDF) ဟာ IS အစွန်းရောက် အကြမ်းဖက်အဖွဲ့ လက်ကနေ ရာကာမြို့ကို အောက်တိုဘာ ၁၈ ရက်နေ့မှာ ပြန်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

အဲဒီမြို့ကို ပြန်သိမ်းပိုက်နိုင်ဖို့ အစွန်းရောက် စစ်သွေးကြွတွေနဲ့ ၄ လကြာ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီးနောက် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကာ့ဒ် လက်နက်ကိုင်အဖွဲ့တွေနဲ့ အာရပ် လက်နက်ကိုင်အဖွဲ့တွေဟာ မြို့အတွင်းမှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေပါတယ်။

အဲဒီမြို့မှာ IS အစွန်းရောက်အဖွဲ့တွေ အခိုင်အမာ တပ်စွဲထားတဲ့မြို့ဖြစ်ပြီး မြို့အတွင်းမှာ အစွန်းရောက်အဖွဲ့ အနည်းငယ်သာ ကျန်တော့တယ်လို့ SDF အဖွဲ့ စစ်ရေးတာဝန်ခံက ပြောပါတယ်။ IS အဖွဲ့ဟာ ဆီးရီယားရှိ ရက်ကာမြို့ကို ၂၀၁၄ ခုနှစ်က သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

ဆီးရီယားနိုင်ငံထဲမှာ IS အဖွဲ့ သိမ်းပိုက်ထားတဲ့ မြို့တွေဟာ ပြန်သိမ်းပိုက်မှုတွေ ခံနေရတာကြောင့် စစ်သွေးကြွတွေရဲ့ အနာဂတ် မရေရာတော့ဘူးလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။