
0
28




IS အတွက် တိုက်ခိုက်ခဲ့တဲ့ နိုင်ငံသားတွေကို သြစတြေးလျ ပိတ်ပင်မယ်


အီရတ်နဲ့ ဆီးရီးယားရှိ IS အစ္စလာမ် အကြမ်းဖက်အဖွဲ့အတွက် တိုက်ခိုက်ခဲ့တဲ့ နိုင်ငံသားတွေ သြစတြေးလျ နိုင်ငံအတွင်း ပြန်လာတာ ပိတ်ပင်ဖို့ သြစတြေးလျ အစိုးရက စီစဉ်နေပါတယ်။


IS အတွက် တိုက်ခိုက်တဲ့ သြစတြေးလျ နိုင်ငံသားတွေကို ပိတ်ပင်မယ့်ဥပဒေကို လွှတ်တော်အတွင်း ဆွေးနွေးနေပါတယ်။ သြစတြေးလွှတ်တော် ကိုယ်စားလှယ်တွေက IS အကြမ်းဖက်အဖွဲ့အတွက် တိုက်ခိုက်ပြီး ပြန်လာသူတွေကို တားဆီးပိတ်ဆို့မှု ဒါမှမဟုတ် အရေးယူမှု လုပ်မလားဆိုတာ လွှတ်တော်အတွင်း ဆွေးနွေးနေတာပါ။


ဆီးရီးယားနဲ့ အီရတ်ရှိ IS အကြမ်းဖက် အဖွဲ့တွေအတွက် အစ္စလာမ် နိုင်ငံတွေကအပြင် တခြား နိုင်ငံက လူတွေလည်း ပါဝင်တိုက်ခိုက်နေပါတယ်။