
0
111




iPhone ဒီဇိုင်နာ Apple ကနေ နုတ်ထွက်မယ်

iPhone, iPod နဲ့ Mac တို့ကို ဒီဇိုင်းထုတ်ပေးခဲ့တဲ့ ဗြိတိသျှ ဒီဇိုင်နာ ဆာ ဂျွန်နသန် အိုက်ဗ်က Apple ကုမ္ပဏီမှာ နှစ် ၃၀ ကြာ အလုပ်လုပ်ခဲ့ပြီးနောက် နုတ်ထွက်တော့မယ်လို့ ပြောပါတယ်။

ဂျွန်နီ အိုက်ဗ်လို့ လူသိများတဲ့ ဆာ ဂျွန်နသန် အိုက်ဗ်က Apple ကုမ္ပဏီကနေ ခွာဖို့ အချိန်ကျပြီလို့ ပြောဆိုခဲ့ပြီး ဒီနှစ်အတွင်း Apple က နုတ်ထွက်ကာ ကိုယ်ပိုင် ဒီဇိုင်းကုမ္ပဏီကို ထူထောင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Apple ကုမ္ပဏီနဲ့ အဆက်အသွယ် ဖြတ်တောက်မှာ မဟုတ်ဘဲ သူ့ကုမ္ပဏီသစ်ရဲ့ ဖောက်သည်အဖြစ် လက်ခံမှာ ဖြစ်ပါတယ်။

ဂျွန်နီ အိုက်ဗ်ဟာ LoveFrom ဆိုတဲ့ ကုမ္ပဏီကို ၂၀၂၀ ပြည့်နှစ်မှာ အပြည့်အဝ လည်ပတ်မှာ ဖြစ်ပြီး တာရှည်ခံ နည်းပညာနဲ့ ကျန်းမာရေးဆိုင်ရာ နည်းပညာတွေ ဆက်လက် ဖန်တီးသွားမှာ ဖြစ်ပါတယ်။