International Series ၾကက္ေတာင္႐ိုက္ၿပိဳင္ပြဲမွာ သက္ထားသူဇာ ဗိုလ္စြဲ

0
96

ကမာၻ႔ၾကက္ေတာင္ အဖြဲ႔ခ်ဳပ္က ႀကီးမွဴးၿပီး ေမာ္ေရးရွားႏိုင္ငံမွာ က်င္းပတဲ့ International Series ၾကက္ေတာင္႐ိုက္ၿပိဳင္ပြဲမွာ ျမန္မာ ၾကက္ေတာင္ အားကစားမယ္ သက္ထားသူဇာက ဗိုလ္စြဲခဲ့ပါတယ္။

ဇြန္လ ၁၃ ရက္ေန႔ကေန ဇြန္လ ၁၆ ရက္ေန႔အထိ က်င္းပတဲ့ ၾကက္ေတာင္႐ိုက္ၿပိဳင္ပြဲမွာ သက္ထားသူဇာက ဖင္လန္ႏိုင္ငံက ကစားသမားကို အႏိုင္ယူၿပီး ဗိုလ္စြဲခဲ့တာပါ။ သက္ထားသူဇာက ပထမအဆင့္မွာ ေမာ္ေရးရွားက လိုမာဘိုဟာ၊ ဒုတိယအဆင့္မွာ မေလးရွားက ရာဒီကာရီရွာနန္၊ ကြာတားဖိုင္နယ္မွာ ေမာ္ေရးရွားက ကိတ္ဖိုကူနီ၊ ဆီမီးဖိုင္နယ္မွာ အိႏၵိယက ခ်ဴကာ၊ ဗိုလ္လုပြဲမွာ ဖင္လန္က အီရစ္မစ္ကီလာတို႔ကို ပြဲျပတ္ေတြနဲ႔ အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။

သက္ထားသူဇာဟာ ၂၀၁၈ ခုႏွစ္ အီဂ်စ္ႏိုင္ငံမွာ က်င္းပတဲ့ International Series ၾကက္ေတာင္႐ိုက္ၿပိဳင္ပြဲမွာ ခ်န္ပီယံဆု၊ ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလက ယူဂႏၶာႏိုင္ငံမွာ က်င္းပတဲ့ International Series ၾကက္ေတာင္႐ိုက္ၿပိဳင္ပြဲနဲ႔ ကင္ညာႏိုင္ငံမွာ က်င္းပတဲ့ Futyre Series ၾကက္ေတာင္႐ိုက္ၿပိဳင္ပြဲမွာ ခ်န္ပီယံဆုေတြ ရရွိထားပါတယ္။  

International Series ကြက်တောင်ရိုက်ပြိုင်ပွဲမှာ သက်ထားသူဇာ ဗိုလ်စွဲ

ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်က ကြီးမှူးပြီး မော်ရေးရှားနိုင်ငံမှာ ကျင်းပတဲ့ International Series ကြက်တောင်ရိုက်ပြိုင်ပွဲမှာ မြန်မာ ကြက်တောင် အားကစားမယ် သက်ထားသူဇာက ဗိုလ်စွဲခဲ့ပါတယ်။

ဇွန်လ ၁၃ ရက်နေ့ကနေ ဇွန်လ ၁၆ ရက်နေ့အထိ ကျင်းပတဲ့ ကြက်တောင်ရိုက်ပြိုင်ပွဲမှာ သက်ထားသူဇာက ဖင်လန်နိုင်ငံက ကစားသမားကို အနိုင်ယူပြီး ဗိုလ်စွဲခဲ့တာပါ။ သက်ထားသူဇာက ပထမအဆင့်မှာ မော်ရေးရှားက လိုမာဘိုဟာ၊ ဒုတိယအဆင့်မှာ မလေးရှားက ရာဒီကာရီရှာနန်၊ ကွာတားဖိုင်နယ်မှာ မော်ရေးရှားက ကိတ်ဖိုကူနီ၊ ဆီမီးဖိုင်နယ်မှာ အိန္ဒိယက ချူကာ၊ ဗိုလ်လုပွဲမှာ ဖင်လန်က အီရစ်မစ်ကီလာတို့ကို ပွဲပြတ်တွေနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

သက်ထားသူဇာဟာ ၂၀၁၈ ခုနှစ် အီဂျစ်နိုင်ငံမှာ ကျင်းပတဲ့ International Series ကြက်တောင်ရိုက်ပြိုင်ပွဲမှာ ချန်ပီယံဆု၊ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလက ယူဂန္ဓာနိုင်ငံမှာ ကျင်းပတဲ့ International Series ကြက်တောင်ရိုက်ပြိုင်ပွဲနဲ့ ကင်ညာနိုင်ငံမှာ ကျင်းပတဲ့ Futyre Series ကြက်တောင်ရိုက်ပြိုင်ပွဲမှာ ချန်ပီယံဆုတွေ ရရှိထားပါတယ်။