
0
67




International Army Games-2019 ပိတ်ပွဲ အခမ်းအနား တက်ရောက်ဖို့ ကာချုပ် ရုရှားကို ထွက်ခွာ


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့ တပ်မတော် ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ International Army Games-2019 ပိတ်ပွဲ အခမ်းအနား တက်ရောက်ဖို့ သြဂုတ် ၁၅ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာသွားပါတယ်။


ရုရှား ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဆာဂေး ရှိုအီဂူရဲ့ ဖိတ်ကြားချက်အရ အခုလို သွားတာ ဖြစ်ပါတယ်။


တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့အတူ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေးနဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)က တပ်မတော်အရာရှိကြီးတွေလည်း လိုက်ပါသွား ပါတယ်။