International Army Games ၿပိဳင္ပြဲမွာ အဆို၊ အက၊ အတီးအေ ကာင္းဆံုးဆု တပ္မေတာ္ရရွိ

0
87

႐ုရွားႏုိင္ငံမွာ ျပဳလုပ္တဲ့ International Army Games – 2019 ၿပိဳင္ပြဲမွာ ျမန္မာ့တပ္မေတာ္က အဆုိ အေကာင္းဆုံးဆု၊ အက အေကာင္းဆုံးဆုနဲ႔ အတီး အေကာင္းဆုံးဆုေတြ ရရွိခဲ့တယ္လို႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးက သတင္းထုတ္ျပန္ပါတယ္။

အဲ့ဒီ ၿပိဳင္ပြဲမွာ ျမန္မာ့တပ္မေတာ္ ယဥ္ေက်းမႈအဖြဲ႔က ျမန္မာ့႐ိုးရာ တူရိယာပစၥည္းေတြ၊ သီခ်င္း၊ အကေတြနဲ႔  သီဆုိတီးမႈတ္ ေဖ်ာ္ေျဖခဲ့ၾကတာျဖစ္ၿပီး ၿပိဳင္ပြဲဝင္ ကိုးႏုိင္ငံအနက္ အဆုိ အေကာင္းဆုံးဆု၊ အက အေကာင္းဆုံးဆုနဲ႔  အတီး အေကာင္းဆုတို႔ရရွိခဲ့တာ ျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။

International Army Games – 2019 ၿပိဳင္ပြဲကုိ ႏုိင္ငံေပါင္း ၃၉ ႏုိင္ငံ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး စစ္ေျမျပင္ စြမ္းရည္ၿပိဳင္ပြဲ ၃၂ မ်ဳိး ပါဝင္ပါတယ္။

International Army Games ပြိုင်ပွဲမှာ အဆို၊ အက၊ အတီးအေ ကာင်းဆုံးဆု တပ်မတော်ရရှိ


ရုရှားနိုင်ငံမှာ ပြုလုပ်တဲ့ International Army Games – 2019 ပြိုင်ပွဲမှာ မြန်မာ့တပ်မတော်က အဆို အကောင်းဆုံးဆု၊ အက အကောင်းဆုံးဆုနဲ့ အတီး အကောင်းဆုံးဆုတွေ ရရှိခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။


အဲ့ဒီ ပြိုင်ပွဲမှာ မြန်မာ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့က မြန်မာ့ရိုးရာ တူရိယာပစ္စည်းတွေ၊ သီချင်း၊ အကတွေနဲ့ သီဆိုတီးမှုတ် ဖျော်ဖြေခဲ့ကြတာဖြစ်ပြီး ပြိုင်ပွဲဝင် ကိုးနိုင်ငံအနက် အဆို အကောင်းဆုံးဆု၊ အက အကောင်းဆုံးဆုနဲ့ အတီး အကောင်းဆုတို့ရရှိခဲ့တာ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။


International Army Games – 2019 ပြိုင်ပွဲကို နိုင်ငံပေါင်း ၃၉ နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး စစ်မြေပြင် စွမ်းရည်ပြိုင်ပွဲ ၃၂ မျိုး ပါဝင်ပါတယ်။