HIV လူနာအသစ္ကူးစက္မႈႏႈန္း တစ္ဝက္မွာ လူငယ္ေတြၾကားကူးစက္ေနတာျဖစ္

0
43

HIV လူနာအသစ္ကူးစက္မႈႏႈန္းရဲ႕တစ္၀က္မွာ လူငယ္ေတြအၾကားကူးစက္ေနတာျဖစ္တယ္လို႕ ရန္ကုန္တိုင္း ေဒသႀကီး က်န္းမာေရးဦးစီးဌာနကေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ အာကာထက္က ေပးပို႕ ထားပါတယ္။

ဒီေန႔ ေခတ္လူငယ္ေတြ ဟာ HIV ကူးစက္ေရာဂါ ျဖစ္ပြားတာ ေတြ၊ အၾကမ္းဖက္ႏွိပ္စက္ခံရတာေတြနဲ႕ မလိုလားအပ္တဲ့ ကိုယ္၀န္ေဆာင္ျခင္းေတြရဲ႕ေဘးထြက္ဆိုးက်ိဳးေတြ ကိုအဓိကခံစားေနၾကရတယ္လို႕ ရန္ကုန္တိုင္းေဒသႀကီးက်န္းမာေရးဦးစီးဌာနက ေျပာပါတယ္။

အခုလို လူငယ္ေတြ  ႀကံဳေတြ႔ေနရတဲ့ အခက္အခဲေတြကို ရင္ဆိုင္ေျဖရွင္းႏိုင္ေအာင္ အသိပညာေပးတာေတြပါ၀င္တဲ့ ၂၀၁၉ ခုႏွစ္ အျပည္ျပည္ဆိုင္ရာ လူငယ္မ်ားေန႕အထိမ္းအမွတ္အခမ္းအနားကို ၾသဂုတ္လ  ၉ရက္ေန႕က ရန္ကုန္အေရွ႕ပိုင္းတကၠသိုလ္ မွာျပဳလုပ္ခဲ့တာပါ။

Soundbite – ေဒါက္တာထြန္းျမင့္ (ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္)

ရန္ကုန္တိုင္းေဒသႀကီးက်န္းမာေရးဦးစီးဌာနမွဴး

ဒါ့အျပင္ လူငယ္ေတြက မ်ိဳးဆက္ပြားက်န္းမာေရးနဲ႕ပတ္သက္ၿပီး သိရွိလိုစိတ္ရွိၾကေပမယ့္ ႏိုင္ငံရဲ႕ယဥ္ ေက်းမႈဓေလ့ထံုတမ္းေတြအရ ႀကံဳေတြ႕ေနရတဲ့ အခက္အခဲေတြကို ဖြင့္ေျပာဖို႕တြန္႕ဆုတ္ေနတာေတြရွိတယ္လို႕ ရန္ကုန္တိုင္းအေရွ႕ပိုင္းခရိုင္၊ ခုခံျခားကာလသားတိုက္ဖ်က္ေရးအဖြဲ႕ ကေျပာပါတယ္။

Soundbite – ေဒါက္တာခိုင္ခိုင္သင္း (အဖြဲ႕ေခါင္းေဆာင္)

ရန္ကုန္တိုင္းအေရွ႕ပိုင္းခရိုင္၊ ခုခံျခားကာလသားတိုက္ဖ်က္ေရးအဖြဲ႕

လူငယ္ေတြၾကားမွာ က်န္းမာၿပီး အႏၱရာယ္ကင္းတဲ့ အေနအထိုင္၊ အျပဳအမူ၊ သြားလာပံုေတြကိုရရွိေစ ဖို႕အတြက္ မ်ိဳးဆက္ပြားက်န္းမာေရးအသိပညာေဟာေျပာပြဲေတြကို ဆက္လက္ျပဳလုပ္သြားဖို႔ လိုအပ္ေနတာျဖစ္ပါတယ္ခင္ဗ်ာ။

HIV လူနာအသစ်ကူးစက်မှုနှုန်းရဲ့တစ်ဝက်မှာ လူငယ်တွေအကြားကူးစက်နေတာဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေးဦးစီးဌာနကပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အာကာထက်က ပေးပို့ ထားပါတယ်။

ဒီနေ့ ခေတ်လူငယ်တွေ ဟာ HIV ကူးစက်ရောဂါ ဖြစ်ပွားတာ တွေ၊ အကြမ်းဖက်နှိပ်စက်ခံရတာတွေနဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်ဆောင်ခြင်းတွေရဲ့ဘေးထွက်ဆိုးကျိုးတွေ ကိုအဓိကခံစားနေကြရတယ်လို့ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။

အခုလို လူငယ်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနိုင်အောင် အသိပညာပေးတာတွေပါဝင်တဲ့ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ်အခမ်းအနားကို သြဂုတ်လ ၉ရက်နေ့က ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် မှာပြုလုပ်ခဲ့တာပါ။

Soundbite – ဒေါက်တာထွန်းမြင့် (ဒုတိယညွှန်ကြားရေးမှူးချုပ်)
ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး

ဒါ့အပြင် လူငယ်တွေက မျိုးဆက်ပွားကျန်းမာရေးနဲ့ပတ်သက်ပြီး သိရှိလိုစိတ်ရှိကြပေမယ့် နိုင်ငံရဲ့ယဉ် ကျေးမှုဓလေ့ထုံတမ်းတွေအရ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖွင့်ပြောဖို့တွန့်ဆုတ်နေတာတွေရှိတယ်လို့ ရန်ကုန်တိုင်းအရှေ့ပိုင်းခရိုင်၊ ခုခံခြားကာလသားတိုက်ဖျက်ရေးအဖွဲ့ ကပြောပါတယ်။

Soundbite – ဒေါက်တာခိုင်ခိုင်သင်း (အဖွဲ့ခေါင်းဆောင်)
ရန်ကုန်တိုင်းအရှေ့ပိုင်းခရိုင်၊ ခုခံခြားကာလသားတိုက်ဖျက်ရေးအဖွဲ့

လူငယ်တွေကြားမှာ ကျန်းမာပြီး အန္တရာယ်ကင်းတဲ့ အနေအထိုင်၊ အပြုအမူ၊ သွားလာပုံတွေကိုရရှိစေ ဖို့အတွက် မျိုးဆက်ပွားကျန်းမာရေးအသိပညာဟောပြောပွဲတွေကို ဆက်လက်ပြုလုပ်သွားဖို့ လိုအပ်နေတာဖြစ်ပါတယ်ခင်ဗျာ။