HIV ပိုးကူးစက္ေနတဲ့ ရာနဲ႔ခ်ီတဲ့ ပါကစၥတန္ ကေလးငယ္ေတြကို ေဆးကုသေပးႏိုင္ျခင္း မရွိ

0
97

ပါကစၥတန္ႏိုင္ငံမွာ ART ေဆး လံုေလာက္ျခင္း မရွိတဲ့အတြက္ HIV ေရာဂါပိုး ကူးစက္ခံထားရတဲ့ ကေလးငယ္ ရာေပါင္းမ်ားစြာကို ကုသျခင္းမရွိဘဲ ဒီအတိုင္း လ်စ္လ်ဴ႐ႈထားတယ္လို႔ ကုလသမဂၢ ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) က ေျပာပါတယ္။

ပါကစၥတန္ႏိုင္ငံ၊ ဆင္ဒါျပည္နယ္ ေတာင္ပိုင္းရွိ ဆင္းရဲႏြမ္းပါးတဲ့ လာကနာ ေဒသမွာ လြန္ခဲ့တဲ့ သီတင္း ေျခာက္ပတ္အတြင္း HIV ပိုး ကူးစက္ေနသူ ၇၈၅ ဦးကို စမ္းသပ္ေတြ႔ရွိခဲ့ရာ အဲဒီအထဲမွာ ကေလးငယ္က ၆၅၀ ပါဝင္ပါတယ္။

HIV ေရာဂါပိုး ကူးစက္ေနသူ စုစုေပါင္းရဲ႕ ၄၃ ရာခိုင္ႏႈန္းကသာ ေရာဂါပိုး ပ်ံ႕ႏွံ႔မႈကို ထိန္းထားေပးႏိုင္တဲ့ ART ေဆးဝါး ရရွိတယ္လို႔ WHO က ေျပာပါတယ္။


HIV ပိုးကူးစက်နေတဲ့ ရာနဲ့ချီတဲ့ ပါကစ္စတန် ကလေးငယ်တွေကို ဆေးကုသပေးနိုင်ခြင်း မရှိ

ပါကစ္စတန်နိုင်ငံမှာ ART ဆေး လုံလောက်ခြင်း မရှိတဲ့အတွက် HIV ရောဂါပိုး ကူးစက်ခံထားရတဲ့ ကလေးငယ် ရာပေါင်းများစွာကို ကုသခြင်းမရှိဘဲ ဒီအတိုင်း လျစ်လျူရှုထားတယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။

ပါကစ္စတန်နိုင်ငံ၊ ဆင်ဒါပြည်နယ် တောင်ပိုင်းရှိ ဆင်းရဲနွမ်းပါးတဲ့ လာကနာ ဒေသမှာ လွန်ခဲ့တဲ့ သီတင်း ခြောက်ပတ်အတွင်း HIV ပိုး ကူးစက်နေသူ ၇၈၅ ဦးကို စမ်းသပ်တွေ့ရှိခဲ့ရာ အဲဒီအထဲမှာ ကလေးငယ်က ၆၅၀ ပါဝင်ပါတယ်။
HIV ရောဂါပိုး ကူးစက်နေသူ စုစုပေါင်းရဲ့ ၄၃ ရာခိုင်နှုန်းကသာ ရောဂါပိုး ပျံ့နှံ့မှုကို ထိန်းထားပေးနိုင်တဲ့ ART ဆေးဝါး ရရှိတယ်လို့ WHO က ပြောပါတယ်။