GTI နဲ႔ Texas နည္းပညာေက်ာင္းက ထုတ္ကုန္ေတြကိုစက္တင္ဘာလမွာ ျပသသြားမယ္

0
77

လာမယ့္စက္တင္ဘာလမွာ GTI နဲ႔ Texas နည္းပညာေက်ာင္းေတြက ေက်ာင္းသားေတြရဲ႕ ထုတ္ကုန္နည္းပညာေတြကို ျပသသြားမွာ ျဖစ္ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေဌးေဌးက ေပးပို႔ထားပါတယ္။

ျမန္မာနိုင္ငံ ကုန္သည္မ်ားနဲ႔ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ (UMFCCI)ရဲ႕ ရာျပည့္ျပပြဲအခမ္းအနားမွာ  GTI နဲ႔Texas နည္းပညာေက်ာင္းေတြက ေက်ာင္းသားေတြရဲ႕ ထုတ္ကုန္ပစၥည္းေတြကို ၃ ရက္ၾကာ ျပသသြားမွာ ျဖစ္ပါတယ္။ 

ျပည္နယ္နဲ႔ တိုင္းေဒသႀကီးေတြက GTI နဲ႔ Texas နည္းပညာေက်ာင္းသားေတြရဲ႕ထုတ္ကုန္ပစၥည္းေတြကို Innovation  Center မွာ ျပသခဲ့ၿပီး အခုအဲဒီထုတ္ကုန္ေတြကို ပညာေရး၀န္ႀကီးဌာနနဲ႔ UMFCCI အသင္းတို႔ ညွိႏိႈင္းၿပီး ျပသသြားမွာပါ။ 

 Soundbite; ေဒၚခိုင္ခိုင္ႏြယ္(တြဲဖက္အေထြေထြအတြင္းေရးမွဴး)

ကုန္သည္မ်ားႏွင့္စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္(UMFCCI)

အဲဒီလိုေဆာင္ရြက္ရတာဟာ လုပ္ငန္းရွင္ေတြအေနနဲ႔ စက္မႈက႑အတြက္ လိုအပ္တဲ့ပစၥည္းေတြကို ျပည္ပက မွာယူရတာေၾကာင့္ ေစ်းႏႈန္းႀကီးျမင့္ေနၿပီး ေက်ာင္းသားေတြရဲ႕ စိတ္ကူးစိတ္သန္းနဲ႔ ထုတ္လုပ္ထားတဲ့ ထုတ္ကုန္ေတြကို  လုပ္ငန္းရွင္ေတြအေနနဲ႔ ျပည္တြင္းမွာ ေစ်းႏႈန္းသက္သက္သာသာနဲ႔ထုတ္လုပ္ ႏိုင္ဖို႔ ျဖစ္တယ္လို႔လည္း ေျပာပါတယ္။ 

Soundbite; ေဒၚခိုင္ခိုင္ႏြယ္(တြဲဖက္အေထြေထြအတြင္းေရးမွဴး)

ကုန္သည္မ်ားႏွင့္စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္(UMFCCI)

အဲဒီျပပြဲကေန လုပ္ငန္းရွင္ေတြရဲ႕ စိတ္ဝင္စားမႈေတြရရွိႏိုင္မွာျဖစ္သလို နည္းပညာပိုင္း ပူးေပါင္းေဆာင္ရြက္မႈေတြ၊ လုပ္ငန္းအတြက္ ရင္းႏွီးျမွဳပ္ႏံွမႈေတြ ရွိလာႏိုင္တာေၾကာင့္ School Industry မွာ ရင္းႏွီးျမွဳပ္ႏွံဖို႔အထိ ဆြဲေဆာင္ႏိုင္မွာျဖစ္တယ္လို႔လည္း ေဒၚခိုင္ခိုင္ႏြယ္က ေျပာပါတယ္ရွင္။

လာမယ့်စက်တင်ဘာလမှာ GTI နဲ့ Texas နည်းပညာကျောင်းတွေက ကျောင်းသားတွေရဲ့ ထုတ်ကုန်နည်းပညာတွေကို ပြသသွားမှာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေးက ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)ရဲ့ ရာပြည့်ပြပွဲအခမ်းအနားမှာ GTI နဲ့Texas နည်းပညာကျောင်းတွေက ကျောင်းသားတွေရဲ့ ထုတ်ကုန်ပစ္စည်းတွေကို ၃ ရက်ကြာ ပြသသွားမှာ ဖြစ်ပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက GTI နဲ့ Texas နည်းပညာကျောင်းသားတွေရဲ့ထုတ်ကုန်ပစ္စည်းတွေကို Innovation Center မှာ ပြသခဲ့ပြီး အခုအဲဒီထုတ်ကုန်တွေကို ပညာရေးဝန်ကြီးဌာနနဲ့ UMFCCI အသင်းတို့ ညှိနှိုင်းပြီး ပြသသွားမှာပါ။


Soundbite; ဒေါ်ခိုင်ခိုင်နွယ်(တွဲဖက်အထွေထွေအတွင်းရေးမှူး)
ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)

အဲဒီလိုဆောင်ရွက်ရတာဟာ လုပ်ငန်းရှင်တွေအနေနဲ့ စက်မှုကဏ္ဍအတွက် လိုအပ်တဲ့ပစ္စည်းတွေကို ပြည်ပက မှာယူရတာကြောင့် ဈေးနှုန်းကြီးမြင့်နေပြီး ကျောင်းသားတွေရဲ့ စိတ်ကူးစိတ်သန်းနဲ့ ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေကို လုပ်ငန်းရှင်တွေအနေနဲ့ ပြည်တွင်းမှာ ဈေးနှုန်းသက်သက်သာသာနဲ့ထုတ်လုပ် နိုင်ဖို့ ဖြစ်တယ်လို့လည်း ပြောပါတယ်။

Soundbite; ဒေါ်ခိုင်ခိုင်နွယ်(တွဲဖက်အထွေထွေအတွင်းရေးမှူး)
ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)

အဲဒီပြပွဲကနေ လုပ်ငန်းရှင်တွေရဲ့ စိတ်ဝင်စားမှုတွေရရှိနိုင်မှာဖြစ်သလို နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်မှုတွေ၊ လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာနိုင်တာကြောင့် School Industry မှာ ရင်းနှီးမြှုပ်နှံဖို့အထိ ဆွဲဆောင်နိုင်မှာဖြစ်တယ်လို့လည်း ဒေါ်ခိုင်ခိုင်နွယ်က ပြောပါတယ်ရှင်။