
0
46




Google, WhatsApp နဲ့ YouTube တို့ကို အန္ဒိယမှာ အယုံကြည်ဆုံး သုံးစွဲ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား အခြေစိုက် Google ဟာ အိန္ဒိယနိုင်ငံ အိုင်တီ သုံးစွဲသူတွေအကြား ထိပ်တန်းနေရာမှာ ရှိနေပြီး WhatsApp နဲ့ YouTube တို့က ဒုတိယနဲ့ တတိယ လိုက်တယ်လို့ သုတေသနအဖွဲ့ YouGov ရဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံတွင်း အခြေစိုက်တဲ့ စားသောက်ဆိုင် လမ်းညွှန် Swiggy က အဆင့် ၅ မှာ ရှိပြီး MakeMyTrip က အဆင့် ၆ ရှိပါတယ်။

အဆင့်သတ်မှတ်ချက်ကို ရမှတ်၊ အသိအမှတ်ပြုမှု၊ အရည်အသွေး၊ တန်ဖိုး၊ ဝန်ဆောင်မှုအပေါ် စိတ်ကျေနပ်မှု၊ ကျော်ကြားမှု၊ သုံးစွဲသူတွေရဲ့ လမ်းညွှန်မှုတွေကို အခြေခံပြီး သတ်မှတ်တာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ အများဆုံး သုံးစွဲနေကြတဲ့ အိုင်တီဆိုင်ရာ ၁၀ ခုကတော့ Google, WhatsApp, YouTube, Amazon, Swiggy, MakeMyTrip, Uber, Facebook, Ola နဲ့ Zomato တို့ဖြစ်ကြပါတယ်။