Golden Prize ငါးသေတ္တာရုံက အလုပ်သမား ၁၅၀၀ လောက်ဟာ လုပ်ငန်းခွင်ထိခိုက်နစ်နာမှုအတွက် လျော်ကြေးငွေရရှိ

0
258

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်မှာရှိတဲ့ Golden Prize ငါးသေတ္တာရုံက အလုပ်သမား ၁၅၀၀ လောက်ဟာ လုပ်ငန်းခွင်ထိခိုက်နစ်နာမှုတွေအတွက် လျော်ကြေးငွေ အမေရိကန်ဒေါ်လာ ၁.၃ သန်း ထိုင်းဘတ်ငွေ ၄၈ သန်းကျော် ရရှိခဲ့ပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများဆုံးပါဝင်တဲ့ ရေလုပ်သား ၂၀၀၀ နီးပါးဟာ ၂၀၁၃ ခုနှစ်ကစပြီး ဥပဒေနဲ့အညီ မရရှိခဲ့တဲ့ လုပ်အားခနဲ့ အချိန်ပိုကြေးတွေ အပါအ၀င် နစ်နာခဲ့ရမှုတွေအတွက် အဲ့ဒီလျှော်ကြေးငွေကို ရရှိခဲ့ကြတာပါ။ အဲဒီအလုပ်သမားတွေဟာ တစ်ဦးကို ဘတ် ၅၀၀၀၀ (၅ သောင်း) နီးပါး ကနေ ၇၀၀၀၀ (၇ သောင်း) ကြားရ၇ှိခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကျန်ရှိနေတဲ့ ကီလိုစားအလုပ်သမား ၂၀၀ ခန့်ဟာ ဆိုရင် လုပ်ခကြေးငွေ သတ်မှတ်ထားတာမျိုးမရှိတဲ့ အတဲ့အပြင် လျော်ကြေးငွေ ဘတ် ၅၀၀၀ ကနေ ၁၀၀၀၀ ကြား ရရှိမယ်လို့ ပြောတဲ့အတွက် လက်မခံဘဲ ငြင်းဆန်ခဲ့တာကြောင့် စမွတ် စခွန် ခရိုင်ရုံးကို တင်ပြထားတယ်လို့ ဗြိတိန်အလုပ်သမားအခွင့်အရေးလုပ်ရှားသူ Ahdy Hall ကပြောပါတယ်။