၂၁ ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီနဲ့ ဆပ်ကော်မတီများ ဖွဲ့စည်း

0
296

ပြည်တွင်းငြိမ်းချမ်းရေး ညီလာခံ ခေါ် ၂၁ ရာစုပင်လုံညီလာခံကျင်းပရေး အကြိုပြင်ဆင်ရေးဆပ်ကော်မတီနဲ့ ဆပ်ကော်မတီတွေကို ဒီကနေ့ မေလ (၃၁)ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတော်သမ္မတရုံးကဖွဲ့စည်းလိုက်ပါတယ်။

ဒီကော်မတီဟာ အစိုးရသစ်က ဦးစားပေးလုပ်ဆောင်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်သင့်ပါဝင်ထိုက်သူတွေ ပါဝင်ဖို့နဲ့ ညီလာခံအောင်မြင်အောင် ကျင်းပနိုင်ရေး လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

အဲဒီကော်မတီမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန်ဖြစ်တဲ့ ဒေါက်တာတင်မျိုးဝင်းကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးထားပြီး သမ္မတရုံးဝန်ကြီး ဦးကျော်တင့်ဆွေကို ဒုဥက္ကဋ္ဌအဖြစ်တာဝန်ပေးခန့်အပ်ထားပါတယ်။

ဒီကော်မတီအနေနဲ့ မူဝါဒဆိုင်ရာကိစ္စတွေမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြပြီး လမ်းညွှန်မှုခံယူရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကော်မတီအစည်းအဝေးတွေ၊ ကော်မတီရဲ့ဆောင်ရွက်ချက်တွေကို ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြရမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)