နိုင်ငံတော်သမ္မတဟောင်းဦးသိန်းစိန်ကို အပြောနဲ့အလုပ်ညီအောင်လုပ်ဖို့ ဦးရွှေမန်းပြော

0
300

လက်ရှိအစိုးရသစ်နဲ့ တူညီတဲ့အလုပ်တွေကို အားလုံးပူးပေါင်းလုပ်ဆောင်မယ်လို့ ပြောဆိုလိုက်တဲ့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်ရဲ့ ပြောစကားကို ကြိုဆိုကြောင်းနဲ့ အပြောနဲ့အလုပ်ညီအောင်လုပ်ဖို့ သူရဦးရွှေမန်းက ပြောဆိုလိုက်တာပါ။

 

13346663_1716093465314241_3707757250541856677_n

ဒီကနေ့ မေလ ၃၀ ရက်နေ့ ကော်မရှင်အဆောက်အဦမှာကျင်းပတဲ့ အစည်းအဝေးမှာ သူရဦးရွှေမန်းက အဲဒီလိုပြောဆိုလိုက်တာပါ။ နောက်ပြီး ဒီစကားဟာ မင်္ဂလာရှိပြီး ကြိုဆိုရမယ့်စကားဖြစ်တယ်လို့ သူကပြောပါတယ်။

ဒါ့အပြင် အန်အယ်လ်ဒီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းပြည်ကိုကောင်းအောင်၊ တိုးတက်အောင် မေတ္တာ၊ သစ္စာနဲ့ အုပ်ချုပ် ပါ့မယ်၊ ပြည်သူအပေါ်မေတ္တာထားပါ့မယ်၊ နိုင်ငံအပေါ်မှာ သစ္စာစောင့် ပါ့မယ် ဆိုတဲ့ စကားအပေါ် လည်း အားပေးဂုဏ်ပြုရာရောက်သလို ပြည်သူ့မျက်နှာကို စာနာထောက်ထားရာလည်းရောက်ကြောင်း သူကပြောပါတယ်။

နောက်ပြီး နိုင်ငံရေးပါတီတွေဟာ ရန်ဘက်မဟုတ်ဘဲ လုပ်ဖော်ကိုင်ဘက်များသာဖြစ်ကြောင်း၊ ဒါကြောင့် ရန်မလိုဘဲ တိုင်းပြည်အကျိုး၊ အများအကျိုး၊ အမျိုးသားအကျိုးစီးပွားအတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြဖို့လည်း ပြည်ခိုင်ဖြိုးပါတီ၏ပူးပေါင်းဆောင်ရွက်ရေးမူဝါဒမှာ ဖော်ပြထားတာကို သူ့အနေနဲ့ ယုံကြည်စွာ ကျင့်သုံးဆောင်ရွက်လျက် ရှိပါတယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)