မြန်မာ့တပ်မတော်နဲ့ရက္ခိုင့်တပ်မတော် AA တို့အကြားပဋိပက္ခကို ရခိုင်သဟာယအသင်းက ထုတ်ဖော်ပြောကြား

0
319

ရခိုင်ပြည်နယ်အတွင်းက မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့အကြား ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေဟာ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်နယ်အစိုးရဖွဲ့စည်းရေး မှာ ဒီမိုကရေစီနည်းလမ်း မကျခဲ့တာတွေရဲ့ ရိုက်ခတ်မှုတစ်ခု ဖြစ်တယ်လို့ ရခိုင်သဟာယ အသင်းက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဧပြီလ ၂၉ ရက်နေ့က ရန်ကုန်မြို့၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်ရှိ ရခိုင်ဓမ္မာ ရုံမှာကျင်းပပြုလုပ်တဲ့ ရခိုင်လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကော်မတီရဲ့သတင်းစာရှင်းလင်းပွဲမှာ ရခိုင်သဟာယ အသင်းရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒေါက်တာကျော်ကျော်အောင်အဲ့ဒီလို ထုတ်ဖော်ပြော ကြားလိုက်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)