Blacklist စားရင္း သြင္းခံရတဲ့ ကုမၸဏီေတြ တျခားနာမည္နဲ႔ ျပန္မွတ္ပံုတင္တာ အေရးယူဖို႔လို

0
2198

အမည္ပ်က္ စားရင္း သြင္းခံရတဲ့ ကုမၸဏီေတြ တျခားအမည္တမ်ိဳးနဲ႔ ျပန္မွတ္ပံုတင္ၿပီး လုပ္ပိုင္ခြင့္ ျပန္လည္ေလွ်ာက္ထားတာေတြကို ဥပေဒနဲ႔ အညီ ၾကပ္မတ္ အေရးယူေစခ်င္တယ္ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ ဦး၀င္းျမင့္က ေျပာၾကားလိုက္ပါတယ္။

ဇန္န၀ါရီလ ၂၉ ရက္ေန႔ ျပည္သူ႔လႊတ္ေတာ္ အစည္းအေ၀းမွာ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒က ေျပာၾကားလိုက္တာပါ။ ဒီလို ေျပာၾကားရာမွာေတာ့ Blacklist သြင္းေပမယ့္လည္း တခ်ိဳ႕ ကုမၸဏီေတြက အရင္ကုမၸဏီမွာပါတဲ့ လူေတြပဲ ပါ၀င္တဲ့ ေနာက္ နာမည္တမ်ိဳးနဲ႔ ကုမၸဏီအမည္နဲ႔ ျပန္ေပၚလာေတြရွိေနၿပီး အဲ့ဒီကုမၸဏီေတြပဲ တင္ဒါေအာင္ျမင္တာမ်ိဳးေတြ ရွိေနတယ္လို႔ ေျပာဆိုခဲ့တာပါ။

ဒါ့အျပင္ တင္ဒါေအာင္ၿပီးတဲ့ ကုမၸဏီ၊ တာဝန္ ယူၿပီးတဲ့ ကုမၸဏီ တာဝန္ရွိၿပီး (တင္ဒါ) ေပးတဲ့ ဝန္ႀကီးဌာနလည္း တာဝန္ မကင္းပဲ တာဝန္ရွိတယ္လို႔လည္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Blacklist စားရင်း သွင်းခံရတဲ့ ကုမ္ပဏီတွေ တခြားနာမည်နဲ့ ပြန်မှတ်ပုံတင်တာ အရေးယူဖို့လို

အမည်ပျက် စားရင်း သွင်းခံရတဲ့ ကုမ္ပဏီတွေ တခြားအမည်တမျိုးနဲ့ ပြန်မှတ်ပုံတင်ပြီး လုပ်ပိုင်ခွင့် ပြန်လည်လျှောက်ထားတာတွေကို ဥပဒေနဲ့ အညီ ကြပ်မတ် အရေးယူစေချင်တယ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောကြားလိုက်တာပါ။ ဒီလို ပြောကြားရာမှာတော့ Blacklist သွင်းပေမယ့်လည်း တချို့ ကုမ္ပဏီတွေက အရင်ကုမ္ပဏီမှာပါတဲ့ လူတွေပဲ ပါဝင်တဲ့ နောက် နာမည်တမျိုးနဲ့ ကုမ္ပဏီအမည်နဲ့ ပြန်ပေါ်လာတွေရှိနေပြီး အဲ့ဒီကုမ္ပဏီတွေပဲ တင်ဒါအောင်မြင်တာမျိုးတွေ ရှိနေတယ်လို့ ပြောဆိုခဲ့တာပါ။

ဒါ့အပြင် တင်ဒါအောင်ပြီးတဲ့ ကုမ္ပဏီ၊ တာဝန် ယူပြီးတဲ့ ကုမ္ပဏီ တာဝန်ရှိပြီး (တင်ဒါ) ပေးတဲ့ ဝန်ကြီးဌာနလည်း တာဝန် မကင်းပဲ တာဝန်ရှိတယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)