
0
1785




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆရာဝန် ညွှန်ကြားမှ ဝယ်လို့ရတဲ့ ဆေးတွေ ဗြိတိန် မှောင်ခိုဈေးကွက်မှာ ရောင်းဝယ်

ဗြိတိသျှနိုင်ငံမှာ ဆရာဝန်ညွှန်ကြားမှသာ ဝယ်ယူခွင့်ရှိတဲ့ ဆေးဝါးတွေကို မျှောင်ခိုဈေးကွက်မှာ သန်းနဲ့ချီပြီး ရောင်းဝယ်နေကြောင်း BBC သတင်းဌာနက စုံစမ်းသိရှိခဲ့ပါတယ်။

လာဘ်ယူတဲ့ ဆေးဝါးပညာရှင်တွေနဲ့ မသမာတဲ့ ဆေးဝါး လက်လီလက်ကား ရောင်းဝယ်သူတွေကြောင့် ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ ပေါင် သန်း ၂၀ဝ လောက် တန်ဖိုးရှိတဲ့ ဆရာဝန်ညွှန်ကြားချက် မပါဘဲ ဝယ်ခွင့်မရှိတဲ့ ဆေးဝါး သန်း ၁၆၀ ဖိုးလောက် ရောင်းဝယ်နေခဲ့ကြပါတယ်။

စိတ်ငြိမ်ဆေးနဲ့ အိပ်မပျော်တဲ့သူတွေအတွက် ပေးတဲ့ဆေးဝါးတွေကို အလွဲသုံးနေကြတာနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေ ရှိတယ်လို့ ဆေးပညာရှင်တွေက သတိပေးထားပါတယ်။ ဥပဒေကြောင်းအရ တင်းကျပ်မှုတွေ လုပ်နေပြီး တရားမဝင် ဆေးဝါး မှောင်ခို ရောင်းဝယ်မှုတွေကို တခြားအဖွဲ့တွေနဲ့ ပူးတွဲ အရေးယူဆောင်ရွက်နေတယ်လို့ ပြည်ထဲရေးရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)