ထိုင်းသူဌေးနှစ်ဦးက မြန်မာအိမ်ဖော် နှစ်ဦးကို လက်ဝတ်ရတနာ ခိုးမှုနဲ့ စွပ်စွဲပြီး တရားစွဲဆိုထား

0
355

ထိုင်းနိုင်ငံမှာ အိမ်ဖော်အဖြစ်လုပ်နိုင်နေတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသူနှစ်ဦးကို လက်ဝတ်ရတနာခိုးမှုနဲ့ ထိုင်း အလုပ်ရှင်နှစ်ဦးက တရားစွဲဆိုထားပါတယ်။

15801453_640392316164005_738055275_n

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စကူဝတ် (၁၀၅)လမ်းထဲက ထိုင်းသူဌေးနှစ်ဦးရဲ့ အိမ်မှာ အိမ်ဖော်အဖြစ်နဲ့ နှစ်ရှည်လများစွာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအိမ်ဖော်တိုင်းရင်းသူနှစ်ဦးကို ထိုင်းသူဌေးနှစ်ဦးက ဘန်နားမြို့မရဲစခန်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ(၇)ရက်နေ့က လက်ဝတ်ရတနာခိုးမှုနဲ့ အမှုဖွင့် တိုင်ကြားထားတာပါ။

အဲဒီတရားစွဲခံနေတဲ့ အသက်(၃၀)၀န်းကျင် တိုင်းရင်းသူနှစ်ဦးစလုံး ကရင်ပြည်နယ် ဘားအံ့မြို့ နယ်ကဖြစ်ပြီး ထိုင်းသူဌေးနှစ်ဦးက သူတို့ရဲ့ အိမ်ထဲမှာ (၂၂)ရက်ကြာအောင် ချုပ်နှောင်ထားတာဖြစ်ပါတယ်။

ဒီဇင်ဘာလ(၂၈)ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအပါအ၀င် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာတွေကို အရေးအကူအညီပေးရေးအဖွဲဖြစ်တဲ့ ACC(မဟာမိတ်)နဲ့ထိုင်းရဲတွေ ပူးပေါင်းပြီးတော့ အဲဒီချုပ်နှောင်ထားတဲ့ အိမ်ကိုသွားပြီး အိမ်ဖော်အဖြစ်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာတိုင်းရင်းသူနှစ်ဦးကို ကယ်ထုတ်ခဲ့တာဖြစ်ပါတယ်။

အမှုဖွင့်ခံနေတဲ့ မြန်မာတိုင်းရင်းသူနှစ်ဦးရဲ့ အမှုကတော့ ဘန်နား မြို့မရဲစခန်းက အမှုကို ပိတ်သိမ်းခြင်းမရှိသေးသလို အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထိုင်းသူဌေးနှစ်ဦးကို AAC(မဟာမိတ်)အဖွဲ့က တရားပြန်စွဲဆိုဖို့ ဆောင်ရွက်နေကြောင်း ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာ အရေးအကူအညီ ဆောင်ရွက်ပေးနေတဲ့ AAC(မဟာမိတ်)အဖွဲ့က ကိုနေလင်းသူ ကပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)