နယူးယောက် ရဲဌာနရှိ ခေတ်မမီတော့တဲ့ စမတ်ဖုန်း ၃၆၀၀၀ ကျော် ဖျက်ဆီးမယ်

0
268

အမေရိကန်၊ နယူးယောက်ရဲဌာန (NYPD) က ရဲအရာရှိတွေကို လွန်ခဲ့တဲ့ နှစ်နှစ်က ပေးထားတဲ့ စမတ်ဖုန်း ၃၆၀၀၀ ဟာ ခေတ်မမီတော့တဲ့ အတွက် အငြိမ်းစားပေးပြီး ဖျက်ဆီးပစ်တော့မှာ ဖြစ်ပါတယ်။

၂၁ ရာစုမှာ ကြီးမားတဲ့ ခြေလှမ်းတစ်ခုအဖြစ် မြို့တော်ဝန် ဘီလ် ဒီ ဘလတ်စီယိုက ကနဦး အမေရိကန်ဒေါ်လာ သန်း ၁၆၀ သုံးပြီး ရဲအရာရှိတွေကို ဖုန်းတွေ ထောက်ပံ့ပေးထားခဲ့တာ ဖြစ်ပါတယ်။

အများကြိုက်၊ လက်တွေ့ အလုပ်ဖြစ်တဲ့ Apple ရဲ့ iOS စနစ်သုံး ဒါမှမဟုတ် ဂူဂယ်ရဲ့ Android ဆော့ဖ်ဝဲသုံး ဖုန်းတွေအစား မိုက်ခရိုဆော့ဖ်ရဲ့ ဝင်းဒိုးစနစ်သုံး နိုကီယာ စမတ်ဖုံးတွေကို NYPD အတွက် မှားယွင်းစွာ ရွေးချယ်ခဲ့မိတယ်လို့ နယူးယောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

မိုက်ခရိုဆော့ဖ်က မကြာသေးခင်က သူတို့ရဲ့ ဖုန်းလည်ပုံစနစ်ကို ထောက်ပံ့ပေးမှု ရပ်မယ်လို့ ကြေညာလိုက်တဲ့အတွက် NYPD က ဝယ်ထားတဲ့ ဖုန်းတွေဟာ အဆင့်မြှင့်လို့ မရတော့ဘဲ သုံးမရ ဖြစ်ကုန်တဲ့ အနေအထား ဖြစ်ပါတယ်။

နယူးယောက်ရဲတွေကို အခု iPhone တွေ ဝယ်ပေးဖို့ စီစဉ်ထားပါတယ်။ လူကြိုက်များ၊ အသုံးများ ဖုန်းကို မရွေးဘဲ ဖုန်းအရွေးမှားခဲ့တဲ့ အတွက် သတင်းအချက်အလက်ဆိုင်ရာ လက်ထောက် ကော်မရှင်နာ အမျိုးသမီး ဂျက်စီကာ တစ်ခ်ျကို ရဲဌာနက အပြစ်တင်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)