မန်ချက်စတာ ဗုံးခွဲမှု ၁၆ ဦးမြောက် ဖမ်းဆီး

0
295

မန်ချက်စတာ ဗုံးခွဲမှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးသူ ၁၆ ယောက် ရှိသွားပြီလို့ ဒီနေ့ မေလ ၂၉ ရက်နေ့မှာ ဗြိတိန်ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက် ဥပဒေနဲ့ ဆပ်ဆက်က ၂၃ နှစ်အရွယ် လူတစ်ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့က တွစ်တာ လူမှုကွန်ရက်မှာ ကြေညာထားပါတယ်။

၂၂ ဦး သေဆုံပြီး ၅၉ ဦး ဒဏ်ရာရခဲ့တဲ့ မန်ချက်စတာ ဂီတဖျော်ဖြေပွဲ အသေခံ ဗုံးခွဲမှုမှာ ဖမ်းဆီးထားသူ ၁၆ ဦး ရှိခဲ့ပါတယ်။ အဲဒီအထဲက ၂ ယောက်ကို ပြန်လွှတ်ပေးလိုက်ပြီး ၁၄ ဦးကိုတော့ စစ်ဆေးမေးမြန်းဖို့ ထိန်းသိမ်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)