
0
2333




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂါလီ ဒုက္ခသည်တွေအတွက် ဆေးရုံ ဖွင့်လှစ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇားမှာ ဘင်္ဂါလီ ဒုက္ခသည်တွေအတွက် ဆေးရုံတစ်ရုံကို အာရပ်စော်ဘွားများနိုင်ငံ (UAE)၊ ဆော်ဒီအာရေဗျနဲ့ မလေးရှားတို့က ငွေ မတည်ပြီး တည်ထောက်ပေးလိုက်ပါတယ်။

ဆေးရုံကို ဇန်နဝါရီလ ၂၇ ရက်နေ့က စတင်ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။ ဆေးရုံမှာ နောက်ဆုံးပေါ် ပစ္စည်းကိရိယာတွေနဲ့ ဆေးဝါးတွေ ဖြည့်တင်းပေးထားပြီး လူနာတင်ယာဉ်၊ အရေးပေါ်ဌာန၊ ဓာတ်မှန်ခန်းနဲ့ ဓာတ်ခွဲခန်းတွေ ပါဝင်ပါတယ်။

မြန်မာနိုင်ငံဘက်က ဇန်နဝါရီလ ၂၃ ရက်နေ့မှာ စတင်လက်ခံဖို့ ပြင်ဆင်ထားပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်တွေကို အစီအစဉ်အရ အချိန်မီ စတင် ပို့ဆောင်နိုင်ခြင်း မရှိခဲ့ပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)