ကာလုံအစည်းအဝေး အမြန်ဆုံးခေါ်ယူဖို့ နိုင်ငံရေးပါတီ (၁၃)ခု တောင်းဆို

0
347

ဒီကနေ့ဖြစ်ပေါ်နေတဲ့ လုံခြုံရေး၊ စီးပွားရေး၊ အထွေထွေအကြပ်အတည်းတွေနဲ့ ပြည်တွင်းပြည်ပ အန္တရာယ် တွေကို ထိရောက်စွာဟန့်တားနိုင်ရေးအတွက် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ယူဖို့ နိုင်ငံရေးပါတီ ၁၃ ခုက တောင်းဆိုလိုက်ပါတယ်။

13876106_854554954678722_8740085931415129564_n

အဲဒီသဘောထားကြေညာချက်ကို နိုဝင်ဘာလ ၂၈ ရက်နေ့ ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကြံ့ခိုင်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ် ရေးပါတီ၊ အမျိုးသားဒီမိုကရေစီ ပါတီသစ်အပါအ၀င် ပါတီ(၁၃)ခုက ခေါင်းဆောင်တွေက စုပေါင်းလက်မှတ်ရေးထိုးပြီး တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ပြည်တွင်းပြည်ပအဖွဲ့အစည်းအတွေအနေနဲ့ နိုင်ငံတော်ရဲ့ကာကွယ်ရေးအင် အားကိုချည်နဲ့စေဖို့ နယ်စပ်ဒေသအနှံ့ စနစ်တကျဆောင်ရွက်နေတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် နိုင်ငံတော်အပေါ် ကျရောက်နေတဲ့ အထွေထွေအကြပ်အတည်းတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာလုံအစည်းအဝေးခေါ်ယူဖြေရှင်းဖို့ အခုလိုတောင်းဆိုလိုက်တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)