MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ ဧပြီ (၂၇) ရက် ဗုဒ္ဓဟူးနေ့

0
357

MCN သတင်းဌာနရဲ့ နေ့စဉ် ရုပ်သံအစီအစဉ်က ကြိုဆိုပါတယ်။ ဒီကနေ့ မြန်မာ သက္ကရာဇ် ၁၃၇၈ခုနှစ်၊ တန်ခူးလပြည့်ကျော် (၅) ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၆ ခုနှစ်၊ ဧပြီလ(၂၇) ရက် ဗုဒ္ဓဟူးနေ့ ညနေ (၆) နာရီအထိ နောက်ဆုံး ရရှိထားတဲ့ သတင်းတွေကို တင်ဆက်ေ ပးသွားမှာဖြစ်ပါတယ်။

ဒီကနေ့မှာ ရှုစားကြရမယ့် သတင်းတွေမှာဆိုရင်တော့

၁။ ၂၁ ရာစု ပင်လုံညီလာခံကို ၁ လ ၂လအတွင်း ကျင်းပလုပ်ဆောင်နိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်တဲ့သတင်း

၂။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဘာကြောင့် ထုတ်ပယ်တယ်ဆိုတာ ပါတီကတာဝန်ရှိပုဂ္ဂိုလ်တွေကိုမေးမြန်းကြဖို့ သတင်းမီဒီယာတွေကို သူရဦးရွှေမန်းက ပြောကြား လိုက်တဲ့အကြောင်း

၃။ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနဲ့ ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Sergie Shoigu (ဆာဂျီရှိုင်ဂူ)တို့ နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရေး တွေ့ဆုံ ဆွေးနွေးခဲ့တဲ့သတင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)