၀ိနည္းနဲ႔မညီတဲ့ သံဃာေတြကို အေရးယူႏိုင္ဖို႔ အစိုးရနဲ႔ တပ္မေတာ္ ညီညြတ္ဖို႔လို

0
909

၀ိနည္းနဲ႔မညီဘဲ စည္းကမ္းေဖာက္ဖ်က္ေနတဲ့ ရဟန္းသံဃာတခ်ိဳ႕ကို အေရးယူႏိုင္ဖို႔ သံဃာအဖြဲ႔ အစည္းအဆင့္ဆင့္၊ အစိုးရ၊ တပ္မေတာ္နဲ႔ ျပည္သူလူထု ညီညြတ္ဖို႔လိုတယ္လို႔ သာသနာေရးႏွင့္ ယဥ္ေက်းမႈ၀န္ၾကီးဌာန ျပည္ေထာင္စု၀န္ၾကီး သူရဦးေအာင္ကိုက ေျပာၾကားလိုက္ပါတယ္။

၀ိနည္းစည္းကမ္းနဲ႔မညီတဲ့ ရဟန္းသံဃာေတြကိုပထမ ဓမၼစက္နဲ႔ထိန္းသိမ္းၿပီးမရရင္ အာဏာစက္ နဲ႔ အေရးယူေဆာင္ရြက္ရမယ္လို႔ ေျပာပါတယ္။

လက္ရွိမွာ သံဃာစည္းကမ္းထိန္းသိမ္ေရးက သာမန္အေသးအဖဲြ ကိစၥေလးေတြေလာက္ပဲ အေရးယူႏိုင္ၿပီး ေတာ့ အႀကီးအက်ယ္ကိစၥေတြမွာ အေရးမယူႏိုင္ေသးဘူးလို႔သူက ေနျပည္ေတာ္မွာ သတင္းေထာက္ေတြကို ေဖဖ၀ါရီလ ၂၆ ရက္ေန႔က ေျပာၾကားခဲ့တာပါ။

ဒါ့အျပင္ လက္ရွိမွာအေရးမယူနိုင္ေသးတာက လ်စ္လ်ဴရႈတာမဟုတ္ပဲ အတင့္ရဲလာတဲ့ ရဟန္းသံဃာတခ်ိဳ႕ကို ေစာင့္ၾကည့္မွတ္တမ္းတင္ထားျပီး အစိုးရ တပ္မေတာ္ ျပည္သူေတြဟာ တခ်ိန္ခ်ိန္မွာ ညီညြတ္လာမွာ ျဖစ္တယ္လို႔ေျပာဆိုခဲ႔ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၀ိနည်းနဲ့မညီတဲ့ သံဃာတွေကိုအရေးယူနိုင်ဖို့ အစိုးရနဲ့တပ်မတော် ညီညွတ်ဖို့လို

ဝိနည်းနဲ့မညီပဲ စည်းကမ်းဖောက်ဖျက်နေတဲ့ ရဟန်းသံဃာတချို့ကို အရေးယူနိုင်ဖို့ သံဃာအဖွဲ့ အစည်းအဆင့်ဆင့်၊ အစိုးရ၊ တပ်မတော်နဲ့ ပြည်သူလူထု ညီညွတ်ဖို့လိုတယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားလိုက်ပါတယ်။

ဝိနည်းစည်းကမ်းနဲ့မညီတဲ့ ရဟန်းသံဃာတွေကိုပထမ ဓမ္မစက်နဲ့ထိန်းသိမ်းပြီးမရရင် အာဏာစက် နဲ့ အရေးယူဆောင်ရွက်ရမယ်လို့ ပြောပါတယ်။
လက်ရှိမှာ သံဃာစည်းကမ်းထိန်းသိမ်ရေးက သာမန်အသေးအဖွဲ ကိစ္စလေးတွေလောက်ပဲ အရေးယူနိုင်ပြီး တော့ အကြီးအကျယ်ကိစ္စတွေမှာ အရေးမယူနိုင်သေးဘူးလို့သူက နေပြည်တော်မှာ သတင်းထောက်တွေကို ဖေဖဝါရီလ ၂၆ ရက်နေ့က ပြောကြားခဲ့တာပါ။

ဒါ့အပြင် လက်ရှိမှာအရေးမယူနိုင်သေးတာက လျစ်လျူရှုတာမဟုတ်ပဲ အတင့်ရဲလာတဲ့ ရဟန်းသံဃာတချို့ကို စောင့်ကြည့်မှတ်တမ်းတင်ထားပြီး အစိုးရ တပ်မတော် ပြည်သူတွေဟာ တချိန်ချိန်မှာ ညီညွတ်လာမှာ ဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ် ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)