အႏၱရာယ္ရွိေလာက္တဲ့ အပူလိႈင္းျဖတ္မယ္လို႔ ၾသစေၾတးလ်မွာ သတိေပးထား

0
2113

ၾသစေၾတးလ်တလႊားမွာ အသက္အႏၱရာယ္ သတိျပဳရေလာက္ေအာင္ အလြန္ျပင္းထန္တဲ့ အပူလိႈင္း ျဖတ္ဖို႔ရွိေနတယ္လို႔ ကြ်မ္းက်င္သူေတြက သတိေပးထားပါတယ္။

မနက္ျဖန္ ဇန္နဝါရီ ၂၇ ရက္ေန႔ ၾသစေၾတးလ် အလယ္ပိုင္းမွာ အပူခ်ိန္ဟာ ၄၆ ဒီဂရီ ဆဲလ္ဆီးယပ္အထိ ရွိႏိုင္တယ္လို႔ က်န္းမာေရးဆိုင္ရာ တာဝန္ရွိသူေတြက ေျပာပါတယ္။ ၾသစေၾတးလ် ေတာင္ပိုင္းနဲ႔ နယူးေဆာက္သ္ေဝးလ္မွာ ၄၀ ဒီဂရီ ဆဲလ္ဆီးယပ္၊ အက္ဒ္လိတ္မွာ ၄၂ ဒီဂရီ ဆဲလ္ဆီးယပ္ အသီးသီး ရွိႏိုင္ပါတယ္။

ၾသစေၾတးလ်မွာ အပူလိႈင္းဟာ တျခား သဘာဝေဘးအႏၱရာယ္ေတြထက္ လူေသမႈကို ပိုမ်ားေစတယ္၊ ကိုယ္ခႏၶာအပူခ်ိန္ျမင့္မယ္၊ ေခြ်းထြက္မ်ားၿပီး ခႏၶာကိုယ္စြမ္းေဆာင္ရည္ က်ဆင္းလာလိမ့္မယ္လို႔ ဗစ္တိုးရီးယား က်န္းမာေရး အႀကီးအကဲ ပါေမာကၡ ခ်ားလ္စ္ ဂတ္စ္က သတိေပးထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အန္တရာယ်ရှိလောက်တဲ့ အပူလှိုင်းဖြတ်မယ်လို့ သြစတြေးလျမှာ သတိပေးထား

သြစတြေးလျတလွှားမှာ အသက်အန္တရာယ် သတိပြုရလောက်အောင် အလွန်ပြင်းထန်တဲ့ အပူလှိုင်း ဖြတ်ဖို့ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

မနက်ဖြန် ဇန်နဝါရီ ၂၇ ရက်နေ့ သြစတြေးလျ အလယ်ပိုင်းမှာ အပူချိန်ဟာ ၄၆ ဒီဂရီ ဆဲလ်ဆီးယပ်အထိ ရှိနိုင်တယ်လို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ သြစတြေးလျ တောင်ပိုင်းနဲ့ နယူးဆောက်သ်ဝေးလ်မှာ ၄၀ ဒီဂရီ ဆဲလ်ဆီးယပ်၊ အက်ဒ်လိတ်မှာ ၄၂ ဒီဂရီ ဆဲလ်ဆီးယပ် အသီးသီး ရှိနိုင်ပါတယ်။

သြစတြေးလျမှာ အပူလှိုင်းဟာ တခြား သဘာဝဘေးအန္တရာယ်တွေထက် လူသေမှုကို ပိုများစေတယ်၊ ကိုယ်ခန္ဓာအပူချိန်မြင့်မယ်၊ ချွေးထွက်များပြီး ခန္ဓာကိုယ်စွမ်းဆောင်ရည် ကျဆင်းလာလိမ့်မယ်လို့ ဗစ်တိုးရီးယား ကျန်းမာရေး အကြီးအကဲ ပါမောက္ခ ချားလ်စ် ဂတ်စ်က သတိပေးထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)