အိႏၵိယ-ျမန္မာ နယ္စပ္ဂိတ္ေတြ ဖြင့္ဖို႔ ေဆြးေႏြး

0
2235

အိႏၵိယနဲ႔ ျမန္မာႏိုင္ငံအၾကား နယ္စပ္ဂိတ္ေတြ ဖြင့္လွစ္ၿပီး ႏွစ္ဖက္ေဒသ ျပည္သူေတြ အျပန္အလွန္ ကူးသန္းသြားလာႏိုင္ေရး အိႏိၵယေရာက္ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အိႏၵိယ ဝန္ႀကီးခ်ဳပ္ မစၥတာ နာရိန္ျဒာ မိုဒီတို႔ ေဆြးေႏြးခဲ့ၾကပါတယ္။

မေန႔က ဇန္နဝါရီ ၂၅ ရက္ နယူးေဒလီၿမိဳ႕မွာ ေတြ႔ဆံုစဥ္ အခုလို ေဆြးေႏြးခဲ့ၾကတာ ျဖစ္ပါတယ္။ မၿပီးျပတ္ေသးတဲ့ နယ္နိမိတ္တိုင္းတာ သတ္မွတ္ေရးကိစၥကို အရွိန္ျမွင့္ေရး၊ နယ္စပ္ျဖတ္ေက်ာ္ အၾကမ္းဖက္မႈေတြကို ပူးတြဲ ႏွိမ္နင္းေရး၊ ႏွစ္ႏိုင္ငံၾကား လမ္းပန္းဆက္သြယ္ေရးနဲ႔ သယ္ယူပို႔ေဆာင္မႈ ပူးေပါင္းေဆာင္ရြက္ေရးေတြကိုလည္း ေဆြးေႏြးခဲ့ပါတယ္။

အိႏၵိယ ဝန္ႀကီးခ်ဳပ္ နရိန္ျဒရာ မိုဒီရဲ႕ ဖိတ္ၾကားခ်က္အရ အိႏၵိယႏိုင္ငံမွာ က်င္းပမယ့္ အာဆီယံ-အိႏၵိယ ေဆြးေႏြးဖက္ ဆက္ဆံေရး (၂၅) ႏွစ္ေျမာက္ အထိမ္းအမွတ္ ထိပ္သီး အစည္းအေဝးနဲ႔ အိႏၵိယႏိုင္ငံ (၆၉) ႏွစ္ေျမာက္ အမ်ိဳးသားေန႔ အခမ္းအနား တက္ေရာက္ဖို႔ ေဒၚေအာင္ဆန္းစုၾကည္ အိႏၵိယကို ေရာက္ရွိေနတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်တွေ ဖွင့်ဖို့ ဆွေးနွေး

အိန္ဒိယနဲ့ မြန်မာနိုင်ငံအကြား နယ်စပ်ဂိတ်တွေ ဖွင့်လှစ်ပြီး နှစ်ဖက်ဒေသ ပြည်သူတွေ အပြန်အလှန် ကူးသန်းသွားလာနိုင်ရေး အိန္ဒိယရောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယ ဝန်ကြီးချုပ် မစ္စတာ နာရိန်ဒြာ မိုဒီတို့ ဆွေးနွေးခဲ့ကြပါတယ်။

မနေ့က ဇန်နဝါရီ ၂၅ ရက် နယူးဒေလီမြို့မှာ တွေ့ဆုံစဉ် အခုလို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ မပြီးပြတ်သေးတဲ့ နယ်နိမိတ်တိုင်းတာ သတ်မှတ်ရေးကိစ္စကို အရှိန်မြှင့်ရေး၊ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုတွေကို ပူးတွဲ နှိမ်နင်းရေး၊ နှစ်နိုင်ငံကြား လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်မှု ပူးပေါင်းဆောင်ရွက်ရေးတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် နရိန်ဒြရာ မိုဒီရဲ့ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ-အိန္ဒိယ ဆွေးနွေးဖက် ဆက်ဆံရေး (၂၅) နှစ်မြောက် အထိမ်းအမှတ် ထိပ်သီး အစည်းအဝေးနဲ့ အိန္ဒိယနိုင်ငံ (၆၉) နှစ်မြောက် အမျိုးသားနေ့ အခမ်းအနား တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)