ဆူဇူကီးဖလားပြိုင်ပွဲမှာ မလေးရှားအသင်း ဆက်လက်ယှဉ်ပြိုင်မယ်

0
360

မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ AFF ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲမှာ မလေးရှားဘောလုံးအသင်း ဆက်လက် ပါဝင်ယှဉ်ပြိုင်ဖို့ မလေးရှားအစိုးရက ဒီကနေ့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

malaysia-suzuki

မလေးရှားအားကစားဝန်ကြီးက ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီတွေကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူနေတာကို ကန့်ကွက်တဲ့အနေနဲ့ ဆူဇူကီးဖလားပြိုင်ပွဲကနေ နုတ်ထွက်ဖို့ စီစဉ်ခဲ့တာဖြစ်ပြီး ဒီကနေ့ လုပ်တဲ့ မလေးရှား အစိုးရအဖွဲ့အစည်းအဝေးမှာ ဆက်လက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အားကစားဝန်ကြီးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ကတည်းက ဆူဇီကီးဖလားပြိုင်ပွဲကနေ ထွက်ဖို့ အဆိုပြုခဲ့တာဖြစ်ပြီး ဒီနေ့ ကက်ဘိနက်အစည်းအဝေးမှာ အဲဒီအစီအစဉ်ကို ပယ်ချခဲ့တာပါ။

“မြန်မာမှာ ကျင်းပနေတဲ့ ပြိုင်ပွဲမှာ ကျွန်တော်တို့အသင်း ဆက်လက်ယှဉ်ပြိုင်ဖို့ အစိုးရအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။ နောက်ထပ် သံတမန်ရေးရာ လုပ်ဆောင်ချက်တွေကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက နောက်ပိုင်းမှာ ထုတ်ပြန်သွားဖို့ရှိပါတယ်”လို့ မလေးရှား လူငယ်နှင့်အားကစားဝန်ကြီး ခိုင်ရီဂျမာလူဒင်က နိုဝင်ဘာ ၂၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

မြန်မာအသင်းနဲ့မလေးရှားအသင်းတို့ဟာ နိုဝင်ဘာ ၂၆ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)