
0
2791




>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန် ကာကွယ်ရေးဝန်ကြီးကို အင်ဒိုနီးရှား အထူးတပ်ဖွဲ့ ကျွမ်းကျင်မှုတွေ ပြသ

အင်ဒိုနီးရှား အထူးတပ်ဖွဲ့ဝင်တွေဟာ မီးလောင်နေတဲ့ အုတ်တွေ ကြားထဲမှာ ထိုင်ပြတာ၊ မြွေရဲ့သွေးကို သောက်ပြတာတွေနဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ် မက်တစ်ကို စွမ်းရည် ပြသခဲ့ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ် မက်တစ်ရဲ့ အင်ဒိုနီးရှား ခရီးစဉ်အတွင်း အင်ဒိုနီးရှား အထူးတပ်ဖွဲ့တွေက ကျွမ်းကျင်မှုတွေကို ပြသခဲ့တာဖြစ်ပါတယ်။ ဂျိမ်းစ် မက်တစ်ဟာ အင်ဒိုနီးရှားနိုင်ငံနဲ့ အကြမ်းဖက်တိုက်ဖျက်ရေး လုပ်ငန်းတွေအပြင် စစ်ရေးပူးပေါင်းမှု တိုးချဲ့နိုင်ဖို့ အင်ဒိုနီးရှားကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးက အင်ဒိုနီးရှား အထူးတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်တွေအပေါ် အံအားသင့်ခဲ့ပါတယ်။ အင်ဒိုနီးရှား အထူးတပ်ဖွဲ့ဝင်တွေဟာ မြွေဟောက်ကို ဖမ်းဆီးကာ အကိုက်ခံပြီး မြွေရဲ့သွေးကိုလည်း သောက်ပြခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)