ရခိုင်ပြည်နယ်မှာ အကြမ်းဖက်သမား ၁ ဦးကို ထပ်မံဖမ်းဆီး

0
349

ရခိုင်ပြည်နယ်၊ ဘူးတောင်မြို့နယ်၊ ငါးခူရနယ်မြေရဲစခန်း အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူ ၁ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ အစိုးရအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်မှာ ပါဝင်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ငါးခူရအလယ်ရွာနေ ရာခတ် (ခ) ရှာကေမူမာမတ် ၂၆ နှစ်ကို ဇန်န၀ါရီလ (၂၄) ရက်နေ့ မနက်ပိုင်းက ဖဖမ်းဆီးရမိခဲ့တာလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ထားတာပါ။

လက်ရှိအခြေအနေမှာတော့ ဖမ်းဆီးရမိထားသူကို ငါးခူရနယ်မြေရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)