လေးကြိမ်မြောက် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေး ပြုလုပ်

0
309

လေးကြိမ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူကုန်ကူးမှု တာဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ ထိုင်းနိုင်ငံတော်ဝင်ရဲတပ်ဖွဲ့တို့အကြား လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အစည်းဝေးကို ဇန်နဝါရီ ၂၅ ရက် ဒီနေ့မှာ ရန်ကုန်မြို့ Chatrium Hotel မှာကျင်းပခဲ့ပါတယ်။

အဲဒီအစည်းဝေးမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ထိုင်းတော်ဝင် ရဲတပ်ဖွဲ့တို့က သုံးကြိမ်မြောက်အစည်းဝေးက ဆုံးဖြတ်ခဲ့တဲ့ ကိစ္စရပ်များ တိုးတက်မှုအခြေနေကို
သုံးသပ်မှုနဲ့ လက်ရှိဖြစ်ပွားနေတဲ့ အမှုကိစ္စရဲ့ နောက်ဆုံးအခြေနေဆွေးနွေးမှု၊ အမှုကိစ္စအသစ်နဲ့ပတ်သက်ပြီး အကူညီတောင်းခံတဲ့ သတင်းအချက်အလက်တွေ ကိုဆွေးနွေးဖလှယ်ခဲ့တာပါ။

ဒီ အစည်းအဝေးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တပ်ဖွဲ့မှူးရဲမှူးချုပ်မြင့်ထူး ဦးဆောင်တဲ့ ကိုယ်စားလှယ် ၁၃ ဦးနဲ့ ထိုင်းနိုင်ငံ တော်ဝင်
ရဲတပ်ဖွဲ့မှ ရဲဗိုလ်ချုပ်ကြီး Tamasak Wicharaya ဦးဆောင်သော ကိုယ်စားလှယ် ၁၄ ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)