ဖြူးမြို့နယ်က ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ ကားနှစ်စီး မျက်နှင်ချင်းဆိုင်တိုက်မှု ဖြစ်ပွား

0
440

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့အတွင်းက ရန်ကုန်-မန္တလေးကားလမ်းဟောင်းပေါ်မှာ ဒီကနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိခဲ့ပါတယ်။

phyuu

ဒီကနေ့ နံနက် ၆ နာရီအချိန်မှာ ရန်ကုန်ကနေ မန္တလေးကို မောင်းနှင်လာတဲ့ NISSAN ၁၂ ဘီးကား ဖြူညိုရောင်နဲ့ နေပြည်တော်ကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ MITSUBUSHI CANTER ကယ်ရီယာဘောက် VEN အမျိုးအစား ကား နှစ်စီးတို့ မိုင်တိုင်အမှတ် ၁၄၁/၃ နဲ့ ၁၄၁/၄ ကြားမှာ မျက်နှာချင်းဆိုင် တိုက်ခဲ့မိကြတာပါ။

phyuu2

ယာဉ်တိုက်မှုဖြစ်စဉ်မှာ MISUBUSHI ယာဉ်က ရှေ့မှာရှိတဲ့ ဆိုက္ကားကိုကျော်တက်စဉ်မှာ တစ်ဖက်ယာဉ်ကြောကို ရောက်ရှိပြီး ၁၂ ဘီးကားကို ဝင်တိုက်မိခဲ့တာ ဖြစ်ပါတာ။

ယာဉ်တိုက်မှုကြောင့် MISHUBUSHI ယာဉ်မောင်း ကျော်ဆန်းအောင်ရဲ့ ညာဘက်မျက်ခမ်း ပေါက်ပြဲဒဏ်ရာအပြင် အခြားဒဏ်ရာတွေရရှိခဲ့ကြောင့် (စိုးရိမ်ရ)အတွင်းလူနာအဖြစ် ကုသနေရပြီး သူနဲ့အတူ ကားပေါ်ပါလာတဲ့ ဇော်မင်းဌေးဟာလည်း လက်မောင်းရင်းနာကျင်မှုနဲ့ အခြားထိခိုက်ဒဏ်ရာတွေ ရရှိကာ အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် ဖြူးမြို့နယ် ဆေးရုံမှာ ကုသခံယူနေရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖြူး မြို့မ ရဲစခန်းက ယာဉ်မောင်းသူကျော်ဆန်းအောင်ကို ယာဉ်(ပ) ၄၆/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၃၇/၃၃၈ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)