
0
466




……………………… ။ ။ ……………………….

မောင်တောက ရွာ ၈၂ ခုမှာ ငါးကန်တွေ တူးဖော်ပေးမယ်

ရခိုင်ပြည်နယ် မောင်တောရှိ တိုင်းရင်းသားရွာပေါင်း ၈၂ ရွာမှာ ပြည်နယ် အစိုးရဘတ်ဂျက်နဲ့ ရေချိုငါးကန် တွေ တူးဖော်ပေးသွားမယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ရေချို ငါးမွေးမြူရေးကန်များကို တစ်ရွာလျှင် ရေချိုငါးကန်တစ်ကန် စီမံချက်နဲ့ ပြည်နယ် အစိုးရက တူးဖော်ပေး သွားမှာဖြစ်ပြီး တကန်လျှင် ငါးကောင်ရေ ၅ဝဝဝ ထည့်သွင်းပေး မှာ ဖြစ်ပါတယ်။

လက်ရှိမှာ တိုင်းရင်းသားကျေးရွာများဖြစ်ကြတဲ့ ရွှေဗဟိုလ်၊ ခရေမြိုင်၊ ဖားဝပ်ချောင်း၊ အောင်ဇေယျ၊ မောရဝတီ စတဲ့ ကျေးရွာငါးရွာမှာ ရေချိုငါး မွေးမြူရေးကန်များ တူးဖော်ပေးထားပြီး တစ်ကန်လျှင် ငွေကျပ် ၆၂ သိန်းခွဲခန့် ကုန် ကျတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ငါးမြစ်ချင်း၊ တီလားပီးယား၊ ရွှေဝါငါးကြင်း၊ ထိုင်း ငါးခုံးမ၊ ငါးတန်၊ ငါးသိုင်းခေါင်းပွ စတဲ့ ငါးမျိုးများကို ဆေးထိုး သားဖောက်ပြီး တစ်ကောင်လျှင် ငွေကျပ် ၃ဝ ဝန်းကျင် ဈေးနှုန်းနဲ့ ဖြန့်ဖြူးပေးမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)