မြကျွန်းသာထဲက အဆောက်အအုံ အမြင့်ပေတွေ စိစစ်မယ်

0
297

 

မြကျွန်းသာ အပန်းဖြေဥယျာဉ်ထဲမှာ ဆောက်လုပ်နေတဲ့ အဆောက်အအုံတွေရဲ့အမြင့်ပေတွေကို မြို့တော်စည်ပင်၊ လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး ပြန်လည် စိစစ်သွားမှာ ဖြစ်ပါတယ်။

မြကျွန်းသာ အပန်းဖြေဥယျာဉ်ထဲမှာ ဆောက်လုပ်နေတဲ့ အဆောက်အအုံတွေနဲ့ ပတ်သက်ပြီး ဒေသ၊ သဘာဝ ပတ်ဝန်းကျင်နဲ့ ကိုက်ညီမယ့် Master Plan ကို ရေးဆွဲနေပြီး အဲဒီ Master Plan အတိုင်းသာ ဆောင်ရွက်ရမယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မနေ့ မေလ ၂၃ ရက်နေ့က ရန်ကုန်တိုင်း လွှတ်တော်မှာ ဖြေကြားသွားပါတယ်။

လွှတ်တော် အမတ် ဒေါ်စန္ဒာမင်း မြကျွန်းသာထဲမှာ ဆောက်လုပ်နေတဲ့ ကုမ္ပဏီတချို့ဟာ စာချုပ်ပါ အချက်အလက်၊ ခွင့်ပြုချက်တွေနဲ့ ကွဲလွဲနေပြီး ကျူးကျော်ဆောက်လုပ်ခြင်း ရှိနေတဲ့အတွက် အမြင့်ပေ သတ်မှတ်ချက် ကန့်သတ်ခြင်း ရှိ၊ မရှိနဲ့ မြေငှားရမ်းမှု ပြန်လည် ရုပ်သိမ်းခြင်း ရှိ၊ မရှိတို့ကို လွှတ်တော်မှာ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

မြကျွန်းသာ အပန်းဖြေ ဥယျာဉ်ကို Inya Palace ကုမ္ပဏီ၊ Magic Land ကုမ္ပဏီ၊ Edin ကုမ္ပဏီ၊ Max Myanmar ကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၈ ခုကို ၂၀၁၀ ပြည့်နှစ်က ငှားခဲ့တာလို့ ကြေးမုံ သတင်းစာမှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)