ယူနန်ပြည်နယ်မှ နှာခေါင်းစည်း ၆၀,၀၀၀ ကျော် မြန်မာနိုင်ငံကိုပေးပို့

0
176

COVID-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှုနဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နိုင်ဖို့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကနေ မြန်မာနိုင်ငံကို နှာခေါင်းစည်း ၆၀,၀၀၀ ပေးအပ်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးနဲ့ ယူနန်ပြည်နယ်တို့ အကြား ချစ်ကြည်ရေးဆက်ဆံမှု တည်ထောင်ထားခြင်းကြောင့် နှာခေါင်းစည်း ၁၄,၀၀၀ ကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ ယူနန်ပြည်နယ်တို့ အကြား မြန်မာ့စီးပွားရေးစြင်္ကန် ပူးတွဲတည်ထောင်ရေး မူဘောင်အောက်မှ ဒေသန္တရအဆင့် ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာရေးထိုးထားခြင်းကြောင့် နှာခေါင်းစည်း ၁၄,၀၀၀ ကို မန္တလေးတိုင်းဒေသကြီး၊ ကျန် နှာခေါင်းစည်း ၃၂,၀၀၀ ကို မြန်မာနိုင်ငံ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ခန့်ခွဲမှုနဲ့ လိုအပ်နေတဲ့ ဒေသတွေကို ဖြန့်ဝေပေးဖို့ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ 

မတ်လ ၂၄ ရက် ဒီကနေ့မှာ အဲ့ဒီနှာခေါင်းစည်း ၆၀,၀၀၀ ကို ယူနန်ပြည်နယ်၊ ကူမင်းမြို့မှ  ရန်ကုန်မြို့ကို လေကြောင်းနဲ့ တိုက်ရိုက်ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)