လွတ်မြောက်နေတဲ့ တရားခံ အောင်ဝင်းခိုင်ကို ထပ်တိုး ဖမ်းဝရမ်း ထုတ်ရေး ထပ်မံ တင်သွင်းမယ်

0
359

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံခံရမှုမှာ ထွက်ပြေး လွတ်မြောက်နေတဲ့ တရားခံ အောင်ဝင်းခိုင်ကို ထပ်တိုး ဖမ်းဝရမ်းထုတ်ဖို့ ပြီးခဲ့တဲ့ ပထမရုံးချိန်းမှာ လျှောက်တင်ခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။

အဲဒါကြောင့် ထပ်တိုး ဖမ်းဝရမ်း ထုတ်နိုင်ဖို့ကို လာမယ့် မတ်လ ၂၈ ရက် အင်္ဂါနေ့မှာ ရာဇ၀တ်ဆိုင်ရာ ပြင်ဆင်မှုအနေနဲ့ တင်သွင်းသွားမှာ ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဖြစ်တဲ့ တရားလိုရှေ့နေ ဦးနေလ က မီဒီယာတွေကို ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ တရားခံ ကြည်လင်းအပါအ၀င် သုံးဦးကို ရုံးထုတ်ခဲ့ပြီး တရားခံလို့ ယူဆရတဲ့ အောင်ဝင်းဇော် နဲ့ အောင်ဝင်းထွန်းတို့ကို စတင် စစ်ဆေးခဲ့ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုအတွက် ရုံးထုတ်စစ်ဆေးတာဟာ အခုဆိုရင် ယမန်အပါအ၀င် တတိယ အကြိမ်ဖြစ်ပြီး စတုတ္ထမြောက် ရုံးချိန်းကိုတော့ လာမယ့် မတ်လ ၃၁ ရက်နေ့မှာ ထပ်မံ ခေါ်ဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)