ထိုင်းဘုရင်အုတ်ဂူစေတီ ဌာပနာသွင်းပူဇော်ပွဲ တိုင်းဒေသကြီး အစိုးရအဖွဲ့တားမြစ်

0
297

13535820_1775671949334064_1126743840_n

13535798_1775672456000680_188854681_n13514256_1775672452667347_49232349_n

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် လင်ဇင်းကုန်း သုသာန်မှာရှိတဲ့ ထိုင်းဘုရင့် အုတ်ဂူစေတီ ဌာပနာသွင်းအခမ်းအနားကို
ကျင်းပဖို့ စီစဉ်ထားရာ မန္တလေးတိုင်းဒေသကြီး အစိုးရ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ဇွန်လ(၂၂)ရက် နေ့စွဲနဲ့ တရားဝင်စာထုတ်ကာ တားမြစ်လိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ နေရာကို မန္တလေးတိုင်း စည်ပင်သာယာရေးကော်မတီရဲ့ ခွင့်ပြုချက်မရရှိဘဲ မည်သူမျှ မ၀င်ရလို့လည်း ဆိုင်းဘုတ်တင်ကာ ကြေညာထားတာဖြစ်ပါတယ်။
13510656_1775671942667398_1706570943_n

အယုဒ္ဓယဘုရင်ဟောင်း ဥဒုမ္ဗရမဟာထေရ်ကြီးရဲ့ ယိုးဒယားကျောင်းအတွင်းက ဗုဒ္ဓပူဇနိယစေတီတော်ကြီး ဌာပနာသွင်းဖို့ ဇွန်လ (၂၇)ရက်နေ့မှာ စီစဉ်ထားတာပါ။
ထိုင်းဘုရင့်အုတ်ဂူစေတီ ပြန်လည် ထိန်းသိမ်းခြင်း လုပ်ငန်းကို မေလစပြီး သီတဂူ ဆရာတော်ကြီးရဲ့ ဦးဆောင်မှုနဲ့ ပြန်လည်လုပ်ဆောင်ခဲ့တာဖြစ်ပြီး
ဥဒုမ္ဗရ ယဉ်းကျေးမှု ထိန်းသိမ်းရေးအဖွဲ့က ဆောင်ရွက်နေတာဖြစ်ပါတယ်။
ဒီလို တားမြစ်တာကို လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ မြန်မာမှုပညာရှင်တမ္ပဝတီဦးဝင်းမောင်က ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)