ရောဂါခံစားနေရတဲ့ အမေကြောင့် ရင်သွေးဖြစ်သူသေဆုံး

0
298

သြစတေးလျအမျိုးသမီး တစ်ဦးဟာ ကလေးမေ့ရောဂါ “ forgetten baby syndrome” ခံစားနေခဲ့ရပြီး အသက် ၂၂ လအရွယ် ရင်သွေးကို ကားထဲမှာ မေ့ထားခဲ့တာကြောင့် အပူလွန်ကဲပြီး ကလေးငယ်သေဆုံး သွားခဲ့ရပါတယ်။

ကလေးငယ်ဟာ မှန်အလုံပိတ်ထားတဲ့ ကားထဲမှာ ၇ နာရီကြာမြင့်တဲ့အထိ ထားခံခဲ့ရတာကြောင့် အခုလို သေဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။
မိခင်ဖြစ်သူ ရွန်မီဇူဒီက ကလေးကို နေ့ကလေးထိန်းကျောင်းမှာ အပ်ထားခဲ့တယ်လို့ပဲ မှတ်မိနေတာကြောင့် အခုလို မတော်တဆ သေဆုံးမှုဖြစ်ပွား ခဲ့ရတာပါ။

မစ္စဇူဒီဟာ အဆိုပါမတော်တဆမှု မဖြစ်ပွားခင်မှာ စိတ်ဖိစီးမှုများပြားနေ ခဲ့ရတဲ့အပြင် အိပ်ရေးပျက်ပေါင်းလည်း များနေခဲ့တယ်လို့သိရှိရပါတယ်။ ရဲတပ်ဖွဲ့က မစ္စဇူဒီကို အရေးမယူခဲ့ပါဘူး။ ရှေ့နေတွေကလည်း မစ္စဇူဒီကို ရာဇ၀တ်မှုနဲ့ အရေးမယူသင့်ကြောင်း ပြောဆိုခဲ့ကြပါတယ်။

ဒီမတော်တဆမှုဟာ ၂၀၁၅ ခုနှစ်အတွင်း သြစတေးလျနိုင်ငံ၊ ကီနက်တန်မြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး နောက်ထပ်အလားတူ မတော်တဆမှုမဖြစ်အောင် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)