ဦးထင်ကျော်က ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနတွေမှာ တာဝန်ယူရမယ့် ဝန်ကြီးတွေစာရင်းတွေ တင်သွင်း

0
329

နိုင်ငံတော်သမ္မတသစ်အဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့ ဦးထင်ကျော်က သူဖွဲ့စည်းမယ့် အစိုးရအဖွဲ့မှာ ပါဝင်မယ့် ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနတွေမှာ တာဝန်ယူဆောင်ရွက်ကြမယ့် ၀န်ကြီးတွေရဲ့ အမည်စာရင်းတွေကို ပြည်ထောင်စုလွှတ်တော်ကို တင်ဆက်သွင်းလိုက်ပါတယ်။ မတ်လ ၂၂ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ နိုင်ငံတော်သစ်က အစိုးရအဖွဲ့မှာ ပါဝင်မယ့် ၀န်ကြီးဌာန ၂၁ ခုမှာ တာဝန်ယူဆောင်ရွက်ကြမယ့် ၀န်ကြီး ၁၈ ဦး အမည်ကို တင်သွင်းလိုက်တာ ဖြစ်ပါတယ်။ ဒီပြည် ထောင်စုဝန်ကြီး အမည်စာရင်းတွေကို မတ်လ ၂၃ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အတည်ပြုချက် ရယူဖို့လည်း ရှိနေပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ မတ်လ (၂၂) ရက်အင်္ဂါနေ့
မြန်မာစံတော်ချိန် ညနေ (၁၈း၀၀) နာရီ

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)