
0
2080



…………………. ။ ။ …………………

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၈၉ ခု ခွင့်ပြုခဲ့

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၈၉ ခုကို ခွင့်ပြုပေးခဲ့တယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဇန်နဝါရီလ ၂၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြလာတာပါ။ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဘိုး အမေရိကန်ဒေါ်လာ သန်း ၁၀ဝ၀ နီးပါးအပါအဝင် ကျပ်ငွေ သန်းပေါင်း ၃ သန်းကျော်အထိ ရှိလာတယ်လို့လည်း ဖော်ပြထားပါတယ်။

လက်ရှိအခြေအနေမှာဆိုရင်တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရဲ့ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏကတော့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၂၀ဝ ကျော် (၅ ဘီလီယံ) ကျော်အထိ ရောက်ရှိလာတာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံသားတွေရဲ့ ရင်းနှီးမြှုပ်နှံနိုင်မှုဟာ ၅ ပုံ ၁ ပုံလောက်ပဲ ရှိနေတာဖြစ်ပါတယ်

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)