၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ မွမ်းမံသင်တန်း နေပြည်တော်မှာ ကျင်းပ

0
323

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြီးမှူးကျင်းပတဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ မွမ်းမံသင်တန်းကို ဒီကနေ့ ဇန်နဝါရီ ၂၃ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီ သင်တန်းကို နေပြည်တော်က Grand Amara ဟိုတယ်မှာ ဒီကနေ့ နံနက် ၉ နာရီကနေ ညနေ ၅ နာရီထိ ကျင်းပမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့ကလည်း ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအတွက် မဲဆွယ်စည်းရုံးရေးဆိုင်ရာ သင်တန်း ဖွင့်လှစ်ခဲ့ပါတယ်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီလ ၁ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်အသီးသီးက မဲဆန္ဒနယ် ၁၉ နေရာမှာ ကိုယ်စားလှယ်လောင်း ၉၅ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)