ထိုင်း ဆေးရုံမှာ ဗုံးပေါက်၊ ၂၄ ဦး ဒဏ်ရာရ

0
341

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆေးရုံတစ်ရုံမှာ ဗုံးပေါက်ကွဲမှုကြောင့် ၂၄ ဦး ဒဏ်ရာရရှိသွားတယ်လို့ ထိုင်းရဲက ပြောပါတယ်။

ဒီနေ့ မေလ ၂၂ ရက်နေ့က ဘန်ကောက်မြို့လယ်ရှိ ဖရာမောင်းကွန်ကလောင် ဆေးရုံ (Phramongkutklao Hospital)ဆေးရုံမှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာရသူ အများစုက မှန်ကွဲစတွေ ထိမှန်ခဲ့ကြတာ ဖြစ်ပါတယ်။

ပေါက်ကွဲမှုဟာ အငြိမ်းစားစစ်သည်တွေအတွက် ထားတဲ့ ဧည့်ခန်းထဲမှာ ဖြစ်ပွားခဲ့တာလို့ ထိုင်း PBS သတင်းဌာနက ကြေညာသွားပါတယ်။

ထိုင်းတောင်ပိုင်း၊ ပတ္တာနီမှာ လူ ၅၀ ဒဏ်ရာရတဲ့ ဈေးဝယ်စင်တာ ဗုံးပေါက်ကွဲမှုဖြစ်အပြီး ၂ ပတ်အကြာမှာ အခုလို ဆေးရုံမှာ ဗုံးပေါက်ကွဲတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)