အရေးပေါ် ကယ်ဆယ်ရေးအတွက် ရဟတ်ယာဉ်တစ်စီး အစိုးရ ဝယ်ယူ

0
157

အရေးပေါ် အခြေအနေတွေ ဖြစ်လာပါက ချက်ချင်း ကူညီကယ်ဆယ်ရေးတွေ လုပ်နိုင်ဖို့အတွက် အစိုးရပိုင် ရဟတ်ယာဉ်တစ်စီးအဖြစ် အီတလီနိုင်ငံကနေ ဝယ်ယူထားတယ်လို့ ဖေဖော်ဝါရီလ ၂၁ ရက်က ပြုလုပ်တဲ့ သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။

အစိုးရအဖွဲ့မှာ အရပ်ဘက်ရဟတ်ယာဉ် မရှိတဲ့အတွက် စစ်ဘက်ရဟတ်ယာဉ်တွေနဲ့ ကုမ္ပဏီတချို့က ရဟတ်ယာဉ်တွေကိုသာ ငှားရမ်းအသုံးပြုနေခဲ့ရတာ ဖြစ်ပါတယ်။ ဝယ်ယူလိုက်တဲ့ AW 139 ရဟတ်ယာဉ်ဟာ ရဟတ်ယာဉ်မှူး အပါအဝင် လူ ၁၅ ဦး စီးလို့ရပြီး ကာလတန်ဖိုး အမေရိကန် ဒေါ်လာ ၁၄ သန်းလောက် ရှိပါတယ်။

ရဟတယြာဉကြို မှနမြာအစိုးရက ဝယယြူလကခြံတဲ့ လကမြှတရြေးထိုးထားပှီး ဖှဈကှောငြး၊ အီတလီ နိုငငြံကနေ အစိတအြပိုငြးတှအလေိုကြ မလေးရှားနိုငငြံကို သယယြူမှာဖှဈပှီး မလေးရှားနိုငငြံမှာ တပဆြငပြှီးမှ မှနမြာနိုငငြံကို ဧပှီလ နောကဆြုံးပတလြောကြ ရောကဖြို့ မှနြးထားကှောငြး၊ ရဟတယြာဉြ ရောကလြာပါက စဈဘကရြဟတယြာဉတြှေ အသုံးပှုမှု နညြးသှားမှာဖှဈကှောငြး ဦးဇောဌြေးက ပှောပါတယြ။

အရေးပေါျ ကယျဆယျရေးအတှကျ ရဟတျယာဉျတဈစီး အစိုးရ ဝယျယူ

အရေးပေါ် အခြေအနေတွေ ဖြစ်လာပါက ချက်ချင်း ကူညီကယ်ဆယ်ရေးတွေ လုပ်နိုင်ဖို့အတွက် အစိုးရပိုင် ရဟတ်ယာဉ်တစ်စီးအဖြစ် အီတလီနိုင်ငံကနေ ဝယ်ယူထားတယ်လို့ ဖေဖော်ဝါရီလ ၂၁ ရက်က ပြုလုပ်တဲ့ သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။

အစိုးရအဖွဲ့မှာ အရပ်ဘက်ရဟတ်ယာဉ် မရှိတဲ့အတွက် စစ်ဘက်ရဟတ်ယာဉ်တွေနဲ့ ကုမ္ပဏီတချို့က ရဟတ်ယာဉ်တွေကိုသာ ငှားရမ်းအသုံးပြုနေခဲ့ရတာ ဖြစ်ပါတယ်။ ဝယ်ယူလိုက်တဲ့ AW 139 ရဟတ်ယာဉ်ဟာ ရဟတ်ယာဉ်မှူး အပါအဝင် လူ ၁၅ ဦး စီးလို့ရပြီး ကာလတန်ဖိုး အမေရိကန် ဒေါ်လာ ၁၄ သန်းလောက် ရှိပါတယ်။ 

ရဟတ်ယာဉ်ကို မြန်မာအစိုးရက ဝယ်ယူလက်ခံတဲ့ လက်မှတ်ရေးထိုးထားပြီး ဖြစ်ကြောင်း၊ အီတလီ နိုင်ငံကနေ အစိတ်အပိုင်းတွေအလိုက် မလေးရှားနိုင်ငံကို သယ်ယူမှာဖြစ်ပြီး မလေးရှားနိုင်ငံမှာ တပ်ဆင်ပြီးမှ မြန်မာနိုင်ငံကို ဧပြီလ နောက်ဆုံးပတ်လောက် ရောက်ဖို့ မှန်းထားကြောင်း၊ ရဟတ်ယာဉ် ရောက်လာပါက စစ်ဘက်ရဟတ်ယာဉ်တွေ အသုံးပြုမှု နည်းသွားမှာဖြစ်ကြောင်း ဦးဇော်ဌေးက ပြောပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)