ကျူးကျော်နဲ့ ဒုစရိုက်မှုတွေကို ပြည်သူတွေနဲ့ ဌာနဆိုင်ရာ ပူးပေါင်းဖြေရှင်းဖို့ လိုအပ်

0
323

ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကျူးကျော်အိမ်ရာတွေကိုစီးပွားဖြစ်လုပ်ကိုင်နေတဲ့သူတွေနဲ့ ရပ်ကွက်ထဲမှာ ဒုစရိုက်မှုတွေ အုပ်စုဖွဲ့လုပ်ကိုင်နေသူတွေကို ပြည်သူတွေနဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းဖြေရှင်းသွားဖို့ လိုအပ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။

မေလ ၂၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွတ်တော်အဆောက်အအုံမှာပြုလုပ်တဲ့ ရန်ကုန်တိုင်း ဒေသသကြီးရဲတပ်ဖွဲ့ရဲ့ဝန်ဆောင်မူကိုရှေးရှုတဲ့ရဲလုပ်ငန်းစနစ်အကြောင်း ရှင်းလင်းပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြောကြားခဲ့တာပါ။
ရန်ကုန်တိုင်းဒေသကြီးမှာ ရက် ၁၀၀ အတွင်း ဒုစရိုက်မူတွေပပျောက်ရေးအတွက် ရဲတပ်ဖွဲ့ အပါအ၀င် တိုင်းဒေသကြီးအစိုးရတို့ ပူးပေါင် ဆောင်ရွက်နေကြတာဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)