
0
960

မြောက်ဦး-မဟာထီး ကွန်ကရစ်လမ်းပိုင်းကနေ ဗလိပြင်ကျေးရွာအထိ မြေသားလမ်းပိုင်းဟာ ကျေးရွာက ကိုယ်ထူကိုယ်ထ ဖောက်လုပ် ထားတဲ့ဖြစ်တဲ့ အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းစာရင်းကို သိမ်းသွင်းနိုင်ဖို့ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ကနေ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကို တင်ပြပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ဆောင်ပေးမယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့တာပါ။



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ဦး – မဟာထီး ကွန်ကရစ်လမ်းပိုင်းကနေ ဗလိပြင်ကျေးရွာအထိ ကျောက်ချောလမ်း ဆောက်လုပ်မယ်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်း အဝေး ၂ဝ ရက် မြောက်နေ့မှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၄)က ဦးကျော်ကျော် ရဲ့ မေးခွန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်က အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

မြောက်ဦး-မဟာထီး ကွန်ကရစ်လမ်းပိုင်းကနေ ဗလိပြင်ကျေးရွာအထိ မြေသားလမ်းပိုင်းဟာ ကျေးရွာက ကိုယ်ထူကိုယ်ထ ဖောက်လုပ် ထားတဲ့ဖြစ်တဲ့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းစာရင်းကို သိမ်းသွင်းနိုင်ဖို့ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ကနေ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကို တင်ပြပြီး လုပ်ထုံးလုပ်နည်း နှင့်အညီ လုပ်ဆောင်ပေးမယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့တာပါ။

ရခိုင်ပြည်နယ် အမှတ် (၄) မဲဆန္ဒနယ်က ဦးကျော်ကျော် ကရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် မြောက်ဦး-မဟာထီး ကွန်ကရစ်လမ်းပိုင်းကနေ ဗလိပြင် ကျေးရွာထိ မြေသားလမ်းကို ရာသီမရွေးသွားလာနိုင်တဲ့ ကျောက်ချော လမ်းခင်းပေးဖို့ အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)