တောင်ဥက္ကလာနဲ့ မြောက်ဒဂုံ ဆက်သွယ်မယ့် တံတားဆောက်ဖို့ တင်ဒါ စတင်ခေါ်ယူ

0
328

တောင်ဥက္ကလာပနဲ့ ဒဂုံမြို့သစ်(မြောက်ပိုင်း)တို့ကို ဆက်သွယ်မယ့် တံတားတည်ဆောက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရက တင်ဒါတွေ စတင်ခေါ်ယူနေပြီဖြစ်ပါတယ်။

bridge

တောင်ဥက္ကလာပမြို့နယ် သစ္စာလမ်းနဲ့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ငါးမာန်အောင်ဘုရားလမ်းကို ဆက်သွယ်မယ့် ငမိုးရိပ်ချောင်းကူးတံတားအတွက် တင်ဒါခေါ်ယူခဲ့တာဖြစ်ပါတယ်။ အဲဒီတံတားကို နှစ်လမ်းသွားတံတားအဖြစ် တည်ဆောက်သွားမှာဖြစ်ပြီး တင်ဒါတင်သွင်းသူတွေအနေနဲ့ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၂၆ ရက်နေ့ နောက်ဆုံးထားပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)ကို တင်သွင်းရမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)